အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'

5.2K 543 37
                                    

Unicode
~~~~~~~

မြင်းဆွဲရထားလုံးလေးဟာ မနှေးမမြန်သောအရှိန်နဲ့ 'ဖရေဇာ'လမ်းတစ်လျှောက်ပြေးလွှားလျက်ရှိပြီး၊ ရထားလုံးထဲမှာရှိနေတဲ့ 'ကျောက်ခဲ'ကတော့ ဘေးပြတင်းပေါက်ကနေခေါင်းလေးပြူပြီးစည်းကားလှတဲ့မြင်ကွင်းကိုကြည့်ရှုလို့နေတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြင်းဆွဲရထားလုံးလေးဟာ မနှေးမမြန်သောအရှိန်နဲ့
'ဖရေဇာ'လမ်းတစ်လျှောက်ပြေးလွှားလျက်ရှိပြီး၊ ရထားလုံးထဲမှာရှိနေတဲ့ 'ကျောက်ခဲ'ကတော့
ဘေးပြတင်းပေါက်ကနေခေါင်းလေးပြူပြီး
စည်းကားလှတဲ့မြင်ကွင်းကိုကြည့်ရှုလို့နေတယ်။

လမ်းရဲ့တစ်ဖက်တစ်ချက်စီတိုင်းမှာအရိပ်ရတဲ့အပင်တွေနဲ့အတူ ဆိုင်ခန်းတွေနဲ့တိုက်အဆောက်အအုံတွေဟာ စီစီရီရီတည်ရှိလို့နေပြီး၊ လမ်းမတစ်လျှောက်မှာ
တော့လန်ချားလှည်းတွေနဲ့၊ မြင်းလှည်းတွေက​ပြေးလွှားလို့နေကြတယ်။

ဒါ့အပြင် ဝတ်ကောင်းစားလှတွေဝတ်စားထားတဲ့
လူတွေနဲ့ မနက်ခင်းဈေးသည်တွေဟာလဲ
လမ်းတစ်လျှောက်မှာသွားလာလို့နေကြပြီး အရောင်သွေးစုံစွာဖြင့် မြို့ပြရဲ့လက္ခဏာတစ်ရပ်ကိုဖော်ကျူးလို့နေပြန်တယ်။

လမ်းမရဲ့တစ်နေရာမှာတော့
နှစ်ဖက်ကျစ်ဆံမြီးလေးတွေချလို့ ဂါဝန်ကားကားလေးတွေဝတ်ထားတဲ့ ကလေးမလေးတွေနဲ့၊
ဗိုလ်ဆံတောက်ကို ဆီရွှဲနေအောင်လိမ်းပြီး
ပေါင်လည်ဘောင်းဘီတို၊စပို့ရှပ်အအစင်းလေးတွေကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ကလေးတွေဟာ ၊ ဆင်တူလက်ဆွဲအိတ်လေးတွေဆွဲလို့အင်္ဂလိပ်လိုရေးထားတဲ့ အဆောက်အအုံထဲဝင်သွားကြတာကိုတွေ့ရသလို၊

သျှောင်ပေစူး၊ ဆံရစ်ဝိုင်းနဲ့ကလေးတွေကတော့ ကျောက်သင်ပုန်းကို ကိုင်လို့အဝတ်အိတ်ကိုသိုင်းလွယ်ကာပြေးလွှားဆော့ကစားရင်း တစ်နေနေရာရာကိုသွားနေကြတာကိုလဲ'ကျောက်ခဲ'နားလည်ရခက်စွာနဲ့​တွေ့လိုက်ရပြန်တယ်။

[AK/ကိုလိုနီခေတ်အခါဖြစ်တာမို့ ထိုခေတ်က
လူအများစုက အင်္ဂလိပ်စာတတ်ရင် ဂုဏ်ရှိသည်၊
အဆင့်အတန်းမြင့်သည်ဟုလက်ခံထားကြတာ
ကြောင့် ပိုက်ဆံချမ်းသာတဲ့သူတွေရဲ့သားသမီးတွေဟာအင်္ဂလိပ်စာတတ်အောင်ဗိုလ်ကျောင်းတက်ရပြီး၊
သာမန် လက်လုပ်လက်စားကလေးတွေကတော့
ငွေကြေးသိပ်မတတ်နိုင်ကြတာကြောင့်
ဘုန်းတော်ကြီးပညာသင်ကျောင်းနဲ့၊ ပွဲကျောင်း တွေမှာစာသင်ကြားရပါတယ်။]

"Dear Kyauk Khal"(Complete)Where stories live. Discover now