Unicode
~~~~~~~~"အိုမို .....အိုမို
နမ်းလိုက်တယ်တော့်။ "'ကျေးဥ'ပါးစပ်ကိုအသာအုပ်ရင်းရေရွတ်လိုက်မိတယ်။ကံအကြောင်းမလှလို့ နှစ်ဆယ့်တစ်ရာစုမှာဓာတ်လိုက်ပြီးသေပွဲဝင်ခဲ့ရပေမဲ့ ဆယ့်ကိုးရာစုက သူနဲ့ချွတ်ဆွတ်တူတဲ့မိန်းကလေးဘ၀မှာ ပြန်မွေးဖွားလာခဲ့တာကြောင့် သူ့မှာဖူဂျီမဘဝကိုပေါ်ပေါ်ထင်ထင်
မဖြတ်သန်းရဲပဲသူငယ်ချင်းကောင်လေး 'ဇီးကွက်'နဲ့
သူခင်တဲ့'ကိုကြီးကျောက်ခဲ'ကိုစိတ်ကူးယဉ်
နေရာကနေအခုတော့'ကိုကြီးကျောက်ခဲ' နဲ့ အကျိုးနည်းချောလွန်းတဲ့အစ်ကိုကြီးတို့သင်္ဘောကို
တကယ်ရတော့မှာပေါ့။အမေခိုင်းလိုက်လို့ မဆလာလေးဝယ်ပြီး အတွဲချောင်းရအောင် စားကျက်နားက ဖြတ်ပြန်လာတာ အတွဲမတွေ့ဘဲ ယောကျာ်းလေးနှစ်ယောက် စကားပြောနေတာတွေ့လို့လှမ်းကြည့်တော့
'ကိုကြီးကျောက်ခဲ'ဖြစ်နေတယ်။ အစကတော့
သွားနှုတ်ဆက်မလို့ပဲ 'ကိုကြီကျောက်ခဲ' အဆင်လေးပေါင်ကို ခေါင်းအုံးအိပ်လိုက်တော့ နှုတ်ဆက်တာထက်ချောင်းကြည့်ဖို့ကိုပဲဆုံးဖြတ်လိုက်ရတယ်။အဆင်လေးက လူလည်ပါတော်...ပတ်ဝန်းကျင်ကိုချောင်းပြီးမှ လှမ်းနမ်းတာ ဘယ်ရမလဲ'ထက်ထက်' အဲ 'ကျေးဥ'မပါ မြင်အောင်ချောင်းကြည့်ရတာပေါ့။အခြေအနေကိုကြည့်ရတာ သေချာပေါက်
'ကိုကြီးကျောက်ခဲ'က အုခဲပဲ၊ နောက်ဆုံးတော့
တုံးလွန်းတဲ့ ငါ့ကိုကြီးလင်ရတော့မှာပေါ့။
နေဦး....အဲ့အဆင်လေးက ဘယ်သူလဲ
သူစုံစမ်းရမယ်၊၊ရွာထဲမှာတော့ တစ်ခါမှမမြင်ဖူးဘူး
'ဇီးကွက်'...ဟုတ်တယ် 'ဇီးကွက်'ကိုမေးရမယ်။
ပြီးရင် ကိုယ်တိုင်ကွင်းဆင်းလေ့လာရတော့မှာပေါ့။
သူလဲ နဘူးချုံထဲကနေ အသာလေးပတ်ထွက်လာခဲ့လိုက်တယ်။ မိခင်ဖြစ်သူကို မဆလာ
ပေးပြီးသူ 'ဇီးကွက်'ဆီကို မြန်မြန်သွားရမယ်။အဲ့တာနဲ့သူလဲလုံချည်ကို တိုတိုပြင်ဝတ်ပြီး
အိမ်ကိုအမြန်ပြေးလာခဲ့တော့တယ်။"မာမား ဒီမှာ မဆလာရပြီ။"
"ကျေးဥ..သမီးလေးရယ်
အပြေးအလွှားနဲ့ ဘယ်လိုဖြစ်လာတာတုံး။ "'ဒေါ် ဆန်းမာ' တစ်ယောက် အပြေးအလွှားနဲ့
ဝိုင်းထဲပြေးလာတဲ့ သမီးဖြစ်သူကိုမေးလိုက်ရတယ်။
ဒီကလေးမနဲ့တော့ ခက်လိုက်တာ
မိန်းကလေးပီပီသသနေပါဆိုလဲ
ပြောလို့ဆိုလို့ကိုမရဘူး။
YOU ARE READING
"Dear Kyauk Khal"(Complete)