အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"

9.5K 1K 56
                                    

Unicode
~~~~~~~

'သိင်္ခ'လဲအခန်းထဲမှာခဏနားနေခဲ့လိုက်ပြီး
ရင်ခုန်သံတွေကို ငြိမ်သက်အောင်ကြိုးစား
ပြီးနောက်မှာတော့ အဝတ်အစားတွေကိုချွတ်လို့
ရေချိုးဖို့အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။
သူရဲ့ဘယ်ဘက်ခြေသလုံးတစ်ခုလုံးက
လဲကျတဲ့အရှိန်​ကြောင့်ရော၊ အမြန်ပြေးလာခဲ့တဲ့အရှိန်ကြောင့်ပါညိုမည်းယောင်ယမ်းလို့နေတယ်။
အဲ့ဒါကြောင့် သူ့ခမျာဘယ်သူမှမသိရလေအောင်
ဖြေးဖြေးချင်းပဲရေချိုးကန်ရှိရာဆီ
လျှောက်လာခဲ့လိုက်ရတယ်။

"သိင်္ခ ။"

"ဗျာ..လေးလေး။"

​လေးလေးက သူ့အနောက်ကနေလှမ်းခေါ်လာတာကြောင့်သူခြေထောက်ကိုမတ်မတ်ရပ်လိုက်ပြီး
အမြန်ပြန်ထူးလိုက်ရတယ်။

"ရေချိုးမလို့လား။ "

"ဟုတ်။ "

"အင်း...အဲ့ဒါဆိုလဲမြန်မြန်ချိုး
အအေးပက်နေမယ် ရေချိုးပြီးရင်
လေးလေးဆီလာခဲ့အုံး။ "

"ဟုတ် ။"

အဲ့ဒီနောက်သူလဲ လေးလေးထွက်သွားတဲ့အထိ
စောင့်လိုက်ပြီး​တော့မှရေချိုးကန်ရှိရာဆီကို လာခဲ့လိုက်တယ်။ခြေထောက်က တဆစ်ဆစ်နာနေတာကြောင့်ရေကိုခပ်သုတ်သုတ်ချိုးပြီးတာနဲ့
အခန်းထဲဝင်၊ ပရုတ်ဆီလူးလိုက်ရသေး။
ပြီးမှပဲအဝတ်အစားလဲပြီးလေးလေးရှိရာ
အခန်းဆီ တက်လာခဲ့လိုက်တော့တယ်။

"ထိုင်လေ သိင်္ခ။"

"လေးလေး ကျွန်တော့်ကိုပြောစရာရှိလို့မလား
ပြောပါ...ကျွန်တော်နားထောင်နေပါတယ်။"

သူအခန်းထဲကိုရောက်ရောက်ခြင်း
လိုရင်းကိုပြောလိုက်ပြီးတာနဲ့ ပြတင်းပေါက်နားမှာ
သွားရပ်နေလိုက်တယ်။

"မင်း မောင်ကျောက်ခဲအပေါ်ဘယ်လို
သဘောထား​နေသလဲ။"

"ကျွန်တော်သူ့ကိုချစ်မိသွားပြီ။"

'သိင်္ခ'တွန့်​ဆုတ်​ခြင်းမရှိဘဲ ဦးလေးဖြစ်သူကိုပြောလိုက်တယ်။သူကဘာကြောင့်နဲ့များထပ်ပြီး ဖုံးကွယ်ထားရအုံးမှာလဲ။သူ့မှာ ပြတ်သားတဲ့အဖြေတစ်ခုရှိနေပြီဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေကိုလဲ အမြန်လုပ်ဆောင်သွားတော့မှာ။

"Dear Kyauk Khal"(Complete)Where stories live. Discover now