အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'

4.8K 570 106
                                    


Unicode
~~~~~~~

ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရွေ့လျားနေတဲ့ ပုလဲရောင်တိမ်တိုက်တွေဟာ အပြာရောင်မိုးကုတ်စက်ဝိုင်း
ရဲ့အနားသတ်မျဥ်းတွေကြား ဟိုတစ်စ၊ဒီတစ်စ
ပြန့်ကျဲလျက်ရှိပြီး ထိုတိမ်တိုက်တွေကြားကနေဖြာထွက်နေတဲ့ နေအလင်းရောင်ကတော့ ကမ္ဘာမြေ
ပေါ်ကို သဘာဝဆန်စွာဖြာကျလို့နေတယ်။။

'သောမက်စ်'ဟာ သူ့ရဲ့ကာကီရောင်ဦးထုတ်အဝိုင်းလေးကိုဆောင်းပြီး နေရောင်ချည်ကို
ကာကွယ်လိုက်ကာ၊ ခရီးဖော်လက်ဆွဲအိတ်လေးကို
ကောက်ကိုင်လို့ အိမ်ဝန်းထဲကနေထွက်လာခဲ့လိုက်တယ်။

ရောက်လာတုန်းကနဲ့မတူ ပေါ့ပါးလို့နေတဲ့ခြေလှမ်းတွေက လေပြည်တွေနဲ့တစ်သားတည်း​ဖြစ်လို့နေပြီး
သောကတွေအကုန်ကင်းစင်သွားပုံရတာမို့ မျက်နှာလေးဟာကြည်လင်လို့နေပြန်တယ်။

'သိင်္ခ'က သူတကယ်နှစ်သက်တဲ့သူကိုတွေ့သွားပြီဆိုပေမဲ့ သူ့ (သောမက်စ်)ရင်ထဲမှာ 'သိင်္ခ'
ရှိနေသ၍ သူကလဲ အရင်လိုရှင်သန်နေအုံးမှာပါ။

ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ယုံကြည်စွာရပ်တည်နိုင်မဲ့ဘဝတစ်ခုရှိတယ်။ဘယ်ဘက်နှလုံးအိမ်ထဲမှာလဲ
မပိုင်ဆိုင်နိုင်တော့တဲ့ချစ်ဦးသူက ရှင်သန်နေသေးတုန်းပဲမို့ ဘာကိုမှမလိုတော့ပါဘူး။

ဘဝရဲ့အချိန်တွေကို ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးရင်းနဲ့သာ ကုန်ဆုံးသွားတော့မှာဖြစ်ပြီး တစ်စုံတစ်ယောက်
အတွက်ကိုတော့ ဘုရားသခင်ထံမှာနေ့စဉ်
ဆုတောင်းပေးမှာ​ဖြစ်တယ်။ သူ့အနေနဲ့
ချစ်ရသူရဲ့အမြင်မှာ ဗီလိန်မဟုတ်တဲ့ဖြစ်တည်မှုနဲ့သာ ရပ်တည်ချင်တယ်လေ။

"အဆင်သင့်ဖြစ်ပြီမလား သွားရအောင်။"

'သိင်္ခ'က အနောက်ဘက်ဥယျာဉ်ဘက်က
အုတ်နီလမ်းလေးအတိုင်းလျှောက်လာရင်း
တိုက်ပုံကိုပါတစ်ပါတည်းဝတ်​ကာပြောလာတယ်။

ထို့ကြောင့်'သောမက်စ်'လဲ တစ်ဖက်လူကို ခေါင်းညိတ်ပြပြီးနောက်ကားထဲမှာဝင်ထိုင်လိုက်ရတယ်။ ကမ်းနားလမ်းဘက်က'စထရန်း'အရှေ့ကိုရောက်တဲ့အထိသူဘက်ကလဲဘာမှမပြောမိသလို၊
'သိင်္ခ'ကလဲ သူ့ကိုတစ်ချက်တောင်စောင်းငဲ့ကြည့်လာခြင်းမရှိခဲ့။

"Dear Kyauk Khal"(Complete)Onde as histórias ganham vida. Descobre agora