အချ​ပ်ပို(၃)[နှစ်သစ်ကူးည]

9.8K 630 175
                                    

Unicode
~~~~~~~

'သိင်္ခ'ဟာ အညိုဖျော့ရောင်ဆံပင်တွေကို ကော်စမက်တစ်နဲ့ သေချာလိမ်းခြင်းဖြင့် ပြင်ဆင်ချယ်သခြင်းကို
အဆုံးသတ်လိုက်တယ်။အဲ့ဒီနောက် အဖြူရောင်ရှပ်အင်္ကျီကို ကြိုးသိုင်းပိုးပျော့သားစတိုင်ပင်န်နဲ့ တွဲဝတ်ပြီး အရောင်တူကုတ်အင်္ကျီကိုလက်ပေါ်တွင်တင်ကာ မှန်ထဲကပုံရိပ်ကိုသေချာအောင်ပြန်ကြည့်ရင်း
ပြုံးလေတယ်။

ထိုအပြုံးလေးတစ်ချက်ဟာ လူပုံအလယ်မှာ
ထွက်ပေါ်လာမည်ဆိုလျှင်ဖြင့် ပျို ပျို ရွယ်ရွယ်
အမျိုးသမီးအပေါင်းတို့တမ်းတမ်းစွဲရူးသွပ်သွားကြမှာအမှန်။ လှပချင်းတို့အချိုးကျကျပေါင်းစပ်ထား
သည့်ထိုမျက်နှာနုနုလေးကိုမည်သူကများလွန်ဆန်နိုင်ပါမည်လဲ။

ဒီနေ့က အင်္ဂလိပ်ပြက္ခဒိန်အလိုအရနှစ်သစ်ကူးနေ့ဖြစ်တာမို့ ညနေစောင်းပြီးဆိုတာနဲ့ လူတွေအားလုံးဟာ ရန်ကုန်မြို့အနှံ့လျှောက်လည်ပျော်ပါးကြဖို့ကို
ဆိုင်းပြင်းလို့နေကြတယ်။ ထိုလူတွေအထဲမှာ'အမောင်သိင်္ခ'တစ်ယောက်လဲအပါအဝင်ဖြစ်တယ်။

တစ်ကိုယ်လုံးကို အချိန်အတော်ကြာအထိစိတ်ကြိုက်ပြင်ဆင်ပြီးနောက်မှာတော့ 'သိင်္ခ'က ရေမွှေးဆွတ်ထားတဲ့ရှေးဟောင်းအဆင် ရွှေလက်စွပ်လေးကို လက်သူကြွယ်မှာဝတ်ဆင်လိုက်ပြီး
အနမ်းလေးတစ်ဖျတ်စွန့်ကြဲလိုက်တယ်။

'ကျောက်ခဲ လေး.. မင်းကိုယ့်ရဲ့ချောမောမှုကို
တောင့်ခံနိုင်ပါ့မလားဆိုတာကြည့်ရအောင်။'

မှန်ထဲမှာပြည့်စုံတာထက်ကိုပိုနေတဲ့သူ့ရဲ့ပုံရိပ်ကို
ဦးထုတ်အဝိုင်းလေးဆောင်းကာထပ်ဖြည့်ပြီးနောက်မှာတော့ နွားနို့အခွက်တစ်ရာသောက်လိုက်ရသလိုဘယ်ကနေရလာမှန်းမသိတဲ့ခွန်အားနဲ့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကအပေါင်းလက္ခဏာဆောင်ပြီး
တိုးတက်လာတာကို'သိင်္ခ'ခံစားမိလိုက်တယ်။

ဒီနေ့က သူနေ့ပဲ။ ကောင်ဆိုးလေး သူ့ကိုဘယ်အချိန်အထိလျစ်လျူရှုထားနိုင်မလဲဆိုတာကြည့်ရသေးတာပေါ့။

သူ့မှာ ဒီရက်တွေတစ်လျှောက်လုံး
တစ်ကယ်ကိုမျှော်လင့်ချက်မဲ့နေခဲ့တာ။
တင်ပါးမတော်တဆညှစ်မိတာလေးကိုအဲ့ဒီ အရှက်အကြောက်ကြီးလှတဲ့ကောင်လေးက စိတ်ဆိုးပြီးသူ့ကိုလျစ်လျူရှုပစ်တယ်လေ။
သူ့မှာတော့ ထားစရာနေရာ
မရှိအောင်ချစ်လိုက်ရတာ...သင်း(ဒင်း)လေးကတော့
သူ့ကိုအထိအတွေ့နည်းနည်းလေးတောင်မသထာဘူး။

"Dear Kyauk Khal"(Complete)Onde as histórias ganham vida. Descobre agora