အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''

5.6K 614 95
                                    

Unicode
~~~~~~~

အနောက်အရပ်တိမ်ပင်လယ်ထဲမှာနစ်မြှုပ်နေခဲ့တဲ့
သူရိန်နေမင်းဟာ သူရဲ့တာဝန်အားထမ်းဆောင်ရန်
အရှေ့အရပ်၌ပြန်လည်ခေါင်းပြူနေလျက်၊ မြူငွေ့တို့ကြားတိတ်တဆိတ်အိပ်မောကျလျက်ရှိတဲ့
'ငလင်ဗန်း'ရွာလေးကို ခေါင်းငုံ့ကြည့်ရှု့လို့နေလေတယ်။

"တုံ...တုံ...တုံ...တုံ...!။"

ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကြောင့်
ကျုပ်အိပ်ရာပေါ်ကနေ ကုန်းထလိုက်ရတယ်။
မနေ့ညက တစ်ညလုံးလဲအိပ်မပျော်ခဲ့ပါဘူးဗျာ။
မိုးလင်းခါနီးမှပဲ မှေးခနဲတစ်ချက်အိပ်ပျော်သွားရတာ။ကျုပ် အိပ်ရာကိုသေချာသိမ်းလိုက်ပြီးနောက်
ပုဆိုးပိုင်းလေးကို ပုခုံးပေါ်ကိုကောက်တင်လို့
ရေချိုးဖို့ရာအတွက် အိမ်အနောက်ဘက်ကို
ဆင်းလာခဲ့လိုက်တယ်။

အမကတော့ တကုတ်ကုတ်နဲ့ မီးဖိုချောင်ထဲမှာ
ချက်လို့ပြုတ်လို့ဗျ။အစတုန်းက ကျုပ်ထင်ခဲ့တာက
အစ်ကို့နဲ့သာ မြို့ကိုလိုက်ခွင့်ရမယ်ဆို ကျုပ်သိပ်ကို
ပျော်မိလိမ့်မယ်ဆိုပြီးတော့ပေါ့...အခုကျတော့လဲ
ထင်သလောက်မပျော်တော့ပါဘူးဗျာ။ မိသားစုနဲ့
မွေးကတည်းက ဒီလောက်အချိန်အကြာကြီးလဲ
မခွဲဖူးသလို၊ ဒီလောက်အဝေးကြီးထိလဲ သူများ
နဲ့လိုက်မသွားဖူးတာမို့ ကျုပ်စိတ်ထဲမှာ
ဘယ်လိုကြီးဖြစ်နေမှန်းကိုမသိတော့တာ။

ကျုပ် အိမ်ထောင့်မှာ အစီအရီပုံထားတဲ့ ထင်းပုံကြီး
ကိုမြင်တော့ မနေနိုင်စွာနဲ့
ထင်းပေါက်တဲ့ ပုဆိန်ကိုအိမ်အောက်ထဲကနေ
ဆွဲယူလိုက်ပြီး ထင်းတွေကို ခွဲနေလိုက်တယ်။
ကျုပ်မရှိရင် အဘတော့ပိုပင်ပန်းတော့မှာပဲ၊
အဘကအသက်ကြီးလာတော့ ထင်းတွေပေါက်ဖို့ကျ
ခါးကသိပ်မကောင်းတော့ဘူးလေ။

ကျုပ်ရဲ့နဖူးပေါ်ကချွေးတွေမြေကြီးပေါ်
တတောက်တောက်ကျတဲ့အထိထင်းတွေကို
အားစိုက်ခွဲနေလိုက်တယ်။ကျုပ်ရန်ကုန်ရောက်ရင်
ရောအခုလိုအသားကျပါ့မလားဆိုတာကိုလဲ
စဉ်းစားနေမိတယ်။

'ဒေါ်သိမ်းကြည်'တစ်ယောက် ဝိုင်းအနောက်ဘက်
ကနေထင်းပေါက်တဲ့အသံကိုကြားတာမို့ထွက်
ကြည့်မိလေတော့ သားဖြစ်သူကို မြင်လိုက်ရတာ
ကြောင့်ခေါင်းသာခါရမ်းမိတော့တယ်။ ဒီကလေး
ဘယ်လိုစိတ်မျိုးနဲ့ မြို့ကြီးပြကြီးကိုလိုက်သွားနိုင်မှာလဲ။

"Dear Kyauk Khal"(Complete)Where stories live. Discover now