အပိုင်း(၃၀)"အလှူဝင်ရက်-၁"

6K 732 63
                                    


Unicode
~~~~~~~

'သိင်္ခ'ရဲ့စကားသံကြောင့် 'ဦးရွှေမောင်'
ရဲ့မျက်နှာကြီးခမျာ ရှုံ့တွနေတဲ့သံပုရာ
သီးခြောက်တစ်လုံးကဲ့သို့ပြောင်းလဲသွားရတယ်။

"အဲ့ဒါ မင်းနဲ့ဆိုင်သလား။"

"ဆိုင်လို့ပေါ့ ခုနကကျောက်ခဲကလဲ
အဲ့အမျိုးသမီး​ကြီးကို သေချာကြည့်နေလို့လေ
သူကဘယ်သူလဲ။"

'သိင်္ခ'ကသူသိချင်တာကို ရှင်းရှင်းပဲမေးလိုက်တယ်။
ပြန်ရောက်တာဖြင့်တစ်နာရီမပြည့်သေးဘူး
စိတ်ထဲအလိုမကျရတာ နှစ်ခါရှိနေပြီ။

"သိချင်ရင် အပေါ်ကလူကိုသွားမေး
ဖယ်..မင်းနဲ့လဲစကားဆက်မပြောချင်ဘူး။"

'ဦးရွှေမောင်'လဲတူဖြစ်သူကိုပုခုံးနဲ့တွန်းတိုက်ပြီး
ထွက်လာခဲ့လိုက်တယ်။ဘယ့်နှယ်....ဦးလေးဘာဖြစ်နေသလဲကျမမေးဘူးသူ့လူ တခြားမိန်းကလေးကိုကြည့်တာကျသဲသဲလှုပ်နေတယ်
လူကြားလို့မှမကောင်းဘူး။

"ကျောက်ခဲ ထိုင်အုံးလေ
အမောပြေ အကြမ်းရည်လေးသောက်သွားအုံး။"

သူကြီးကတော်က ရေနွေးကြမ်းဗန်းလေးကို
ချရင်းအထုတ်တွေသယ်လို့နေတဲ့'ကျောက်ခဲ'
ကိုလှမ်းပြောလိုက်တယ်။

"ဟုတ်ကဲ့ အရီး။"

အထုတ်တွေကို အိမ်အပေါ်ထပ်
တင်ပေးပြီးတဲ့နောက်မှာတော့ ကျုပ်လဲ
ကွက်ပျစ်မှာဝင်ထိုင်ပြီး အရီးကမ်းလာတဲ့ ရေနွေးကြမ်းပူပူလေးကိုမှုတ်သောက်နေလိုက်တယ်။

"မောနေပြီလား ကျောက်ခဲလေး။"

အစ်ကိုက ကျုပ်ဘေးနားမှာရုတ်တရက်ကြီး
ဝင်ထိုင်ပြီးမေးလာတာမို့ ကျုပ်လဲအစ်ကို့ပြုံးပြရင်း
ဖြေလိုက်တယ် ။

"အာ..မမောတော့ပါဘူးဗျာ
အခုပဲ ရေနွေးကြမ်းသောက်ထားတာ။"

"ကျောက်ခဲလေးက တစ်နေကုန်လှည်းမောင်း
လာရတာဆိုတော့ပင်ပန်းနေမှာပဲ
လာ..ကိုယ်နှိပ်ပေးမယ်။"

'သိင်္ခ'က စကားဆုံးတာနဲ့ 'ကျောက်ခဲ'ရဲ့ပုခုံးတွေကို
စတင်နှိပ်နှယ်ပေးလာတာကြောင့်တစ်ဖက်လူရဲ့မျက်နှာလေးခမျာရဲခနဲ။

"Dear Kyauk Khal"(Complete)Where stories live. Discover now