အပိုင်း(၅)"ချောကလိတ်"

13.1K 1.4K 174
                                    


Unicode
~~~~~~~

တနင်္လာနေ့ မနက်ရောက်တော့ကျုပ်တို့မနက်အစောကြီးထပြီးရွာကိုပြန်ဖို့စီစဥ်ကြရတယ်။မနက် 'ဝေလီဝေလင်း'ကြီးထပြီး ရေမိုးချိုး၊ အထုပ်တွေဝိုင်းပြင်ပေါ့ဗျာ။သူတို့ကသနပ်ကုန်းမှာမတည်းတော့ဘဲ ရွာကိုတန်းသွားမှာမို့ စောစောသွားကြမှာတဲ့ဗျ ။မြို့ထဲက လောင်းကစားရုံကသွားငှာ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တနင်္လာနေ့ မနက်ရောက်တော့
ကျုပ်တို့မနက်အစောကြီးထပြီး
ရွာကိုပြန်ဖို့စီစဥ်ကြရတယ်။မနက် 'ဝေလီဝေလင်း'ကြီးထပြီး ရေမိုးချိုး၊
အထုပ်တွေဝိုင်းပြင်ပေါ့ဗျာ။
သူတို့ကသနပ်ကုန်းမှာမတည်းတော့ဘဲ
ရွာကိုတန်းသွားမှာမို့ စောစောသွားကြမှာတဲ့ဗျ ။
မြို့ထဲက လောင်းကစားရုံကသွားငှားထားတဲ့
မြင်းဆွဲရထားလုံးသုံးစီးကလဲ ခြံရှေ့မှာရောက်နေပြီ မို့ကျုပ်လဲအထုတ်တွေကို ရထားလုံးပေါ်တင်နေလိုက်တယ်။

"ကျောက်ခဲလေး...လမ်းနည်းနည်းဖယ်။ "

'ကိုသိင်္ခ'ကအထုတ်ကြီးနှစ်ထုတ်ဆွဲပြီးတော့
မြင်းလှည်းရှိရာကိုလာနေတာကြောင့်
ကျုပ်လဲအမြန်ဖယ်ပေးလိုက်ရတယ်။

"ဟူး လေးလိုက်တာ၊ မေမေတို့ကတော့
ဘာတွေအဲ့လောက် တောင်ထည့်လာသလဲမသိဘူး။"

'သိင်္ခ' တစ်ယောက် တိုက်ပုံအင်္ကျီကို
ပုခုံးပေါ်လွှားတင်ရင်းပြော
လိုက်တယ်။ ဒီအထုတ်တွေသာ
'ကျောက်ခဲလေး' သယ်ရရင်
ခါးလေးကျိုးရချည်ရဲ့။ ကောင်ငယ်လေးက သူ့ဘာသာအလိုက်တသိနဲ့ အထုတ်​တွေကို
ခပ်သုတ်သုတ်တင်​နေတာ ကိုမမျှော်လင့်ဘဲ​မြင်လိုက်ရတော့ မနေနိုင်တာနဲ့ထသယ်ပေး​နေရတယ်။

"ကျောက်ခဲလေး...ဘာမှသယ်စရာမရှိတော့ဘူးနော်
ရထားလုံးပေါ်ထိုင်နေလို့ရပြီ။ "

"အစ်ကို...အကုန်သယ်လိုက်တာလား။"

ကောင်ငယ်လေးက သူ့ကိုမျက်လုံးကြီးဝင့်ကာ
မေးလာတော့ သူလဲကောင်ငယ်လေးရဲ့ပုခုံးကို
လှမ်းကိုင်ပြီးပြောလိုက်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now