အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"

5.7K 632 54
                                    

Unicode
~~~~~~~

"အစ်ကိုတို့ခြံထဲမှာ စံပါယ်ပင်တွေပါ
စိုက်ထားတာလားဟင်။"

"ဒါပေါ့ ဟိုဘက်ထောင့်နားကမြေလွတ်လေးမှာ
စပါယ်ရုံလေးရှိတယ်လေ...ဒီမှာလဲ နှင်းဆီနီနီတွေအများကြီးရှိသေးတယ်ကျောက်ခဲလေးက
မကြိုက်ဘူးလား။"

မျက်စိရှေ့မှာရှိနေတဲ့ နှင်းဆီနီနီတွေကိုကျ
မမေးပါပဲ၊အနောက်ဘက်က စပါယ်ရုံလေးကိုသာ အာရုံရောက်နေတဲ့ကောင်ငယ်လေးကို သူစိတ်ဝင်စားစွာနဲ့မေးလိုက်တယ်။

"မကြိုက်တာတော့မဟုတ်ပါဘူး
ဒါပေမဲ့ ကျုပ်က စပါယ်ပန်းအနံ့ကို ပိုကြိုက်လို့။"

"ဟုတ်ပါပြီ ဒါဆိုကိုယ်တို့ အိမ်ထဲဝင်ကြရအောင်လေနောက်မှအေးဆေး ကြည့်ကြတာပေါ့။"

"ဟုတ်။"

အဲ့ဒီနောက်'သိင်္ခ'လဲ ကောင်ငယ်လေးကို အိမ်ထဲခေါ်လာခဲ့လိုက်တယ်။ သူဒီအိမ်​လေးကိုသိပ်သဘောကျတယ်။မြန်မာနိုင်ငံမှာနေတဲ့နေ့ရက်တွေရဲ့ထက်ဝက်လောက်ကို ထိုအိမ်လေးမှာပဲ သူစာအုပ်ဖတ်ရင်းကုန်ဆုံးလေ့ရှိခဲ့ကာ၊ ​သူ့ဖခင်ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့တဲ့အိမ်လေးဖြစ်တာကြောင့်လဲ သူ့မှာပိုပြီးမြတ်နိုး
ရပါတယ်။

သူလူပျိုပေါက်ဘဝ 'သောမက်စ်' နဲ့ချစ်ကြိုက်ခဲ့တဲ့
အချိန်တုန်းက အိမ်မက်လေးတစ်ခုရှိခဲ့ဖူးတယ်။
အဲ့ဒါကတစ်နေ့ကျရင် သူတကယ်ချစ်ရတဲ့
ဘဝလက်တွဲဖော်လေးကို ဒီအိမ်လေးကိုခေါ်လာခဲ့မယ်လို့ပေါ့။ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော်လောက်တုန်းက သူ့ဘဝလက်တွဲဖော်က 'သောမက်စ်'ဆိုတဲ့ ပင်လယ်ရောင်မျက်ဝန်းတွေနဲ့ လူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။အခု​အမှန်တကယ်ရောက်လာတဲ့သူကတော့ ဆွဲညှို့တဲ့ပင်လယ်ရောင်မျက်ဝန်းတွေအစား အေးချမ်းတဲ့မဟူရာ မျက်ဝန်းတွေရဲ့ပိုင်ရှင်အရိုးခံကောင်လေးတစ်ယောက်၊ဒီကောင်လေးကိုတော့ သူ့ဘဝလက်တွဲဖော်အဖြစ်အတည်သတ်မှတ်ထားလို့ရတယ်မလား။

နှစ်ထပ်တိုက်အ်ိမ်လေးဟာ
အောက်ထပ်မှာနီညိုရောင်အုတ်တွေနဲ့ တည်ဆောက်ထားပြီး၊အပေါ်ထပ်ကိုတော့ ရေနေံချေးဝနေအောင်သုတ်ထားတဲ့ကျွန်းသစ်တွေနဲ့ တည်ဆောက်ထား
လေတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now