အပိုင်း(၂)"ဗညားသိင်္ခ"

18.8K 1.6K 192
                                    

Unicode
~~~~~~~

"ငြိမ်းငြိမ်းရယ်....မုန့်ဟင်းရည်လေးက
မွှေးလိုက်တာကွယ်။
လက်စွမ်းတွေပြထားတယ်ပေါ့လေ။"

'ဒေါ်ရွှေဇင်ညိမ်း'ကကြွေပန်းကန်လုံးကြီးထဲမှာ
ထည့်ထားတဲ့မုန့်ဟင်းခါးဟင်းရည်တွေကို
သဘောတကျမွှေကြည့်ရင်းပြောလာတယ်။

"အစ်ကိုလေးကို စားစေချင်လို့ပါ ဒေါ်ဒေါ်ရယ်။
ဟိုမှာက မုန့်ဟင်းခါးမပြောနဲ့ ထမင်းနဲ့ဟင်းတောင်
စားခဲ့ရမယ်မထင်ဘူး။"

"ရော့....ယူထားချည် ညည်းအစ်ကိုလေးကို
မြန်မာဟင်းကောင်းကောင်းလေး
ချက်ပေးလိုက် ဟုတ်ပလား။"

'ဒေါ်ရွှေဇင်ညိ​မ်း'လဲ မုန့်ဟင်းရည်လေးကို
သဘောကျလွန်းလို့ 'ငြိမ်းငြိမ်း'လက်ထဲကို
'ရူပီးတစ်ဆယ်'တန်လေး ထိုးထည့်ပေးလိုက်တယ်။
ဟင်းရည်နံ့လေးက ငါးနံ့လေးရော
ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့၊
ဟင်းရည်ပေါ်မှာဝေ့နေတဲ့ ငရုတ်ဆီအရောင်
လေးကလဲ လှမှလှ။အနံ့နဲ့အရောင်နဲ့တင်
အရသာဘယ်လောက်ကောင်းမယ်မှန်းခန့်မှန်းလို့ရနေပြီ။ သားတော်မောင် တစ်ယောက်တော့ မုန့်ဟင်းခါးကို ခေါင်းမဖော်တမ်းစားလိုက်မည့်ဖြစ်ခြင်း။

"ကဲ...ကဲ ညည်းလဲသွားပြင်ဆင်တော့
မနက်စာ စားပြီးရင် သွားကြတာပေါ့။ "

"ဟုတ်ကဲ့ဒေါ်ဒေါ်။"

အဲ့ဒီနောက်မှာတော့
သူ(မ)လဲ သားတော်မောင်ကို နှိုးဖို့အိမ်အပေါ်ထပ်ကို
တက်လာခဲ့လိုက်တယ်။ သားတော်မောင်က ဘိလပ်
ကပြန်လာတာမကြာသေးဘူးလေ။ လန်ဒန် မြို့ကြီးကနေ၀တ်လုံတော်ဘွဲ့ ကြီးကိုယူပြီး ပြန်လာတာ။
သားတော်မောင်ကြောင့် ကိုယ့်အသိုင်းအ၀ိုင်းမှာ ကိုယ်ကမျက်နှာအပွင့်ဆုံးပဲ သားတော်မောင်က
ရုပ်ကလည်းချော၊ ပညာကလည်းတတ်၊
စည်းစိမ်ဥစ္စာဆိုတာကလဲ
သုံးမကုန် ဖြုန်းမကုန်...ဒီအဖိုးတန်သားလေးကိုပဲ
သမီးရှင်တွေ အားလုံးကမျက်စိကျနေတာကိုကြည့်ပြီးမိမိကိုယ်တိုင်လဲ ဂုဏ်ယူမဆုံးပေါ့ ။

အပေါ်ထပ်ကိုရောက်တော့ လျှောက်လမ်းရဲ့
အစွန်ဆုံးကအခန်းကို လာခဲ့လိုက်တယ်။
လော့ခ်မချထားတဲ့ ကျွန်းတံခါးကြီးကို အသာဖွင့်လိုက်တော့ သားတော်မောင်က
အိပ်မောကျနေတုန်း။အဲ့ဒါ​ကြောင့် သူ(မ)လဲ
ခြေလှမ်းလေးခပ်ဖွဖွလှမ်းလို့ ကျွန်းကုတင်ကြီးပေါ်မှာ ဘေးတစောင်းလေးဝင်ထိုင်ပြီး ၊သားဖြစ်သူ
ရဲ့နှဖူးပေါ်က ဆံပင်လေးတွေကို သပ်တင်
ပေးကာ နှိုးလိုက်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now