(အမှာစာ)(ဖတ်ပေးကြပါရန်)

75.8K 2.2K 69
                                    

Unicode
~~~~~~~

စာဖတ်သူများထံသို့ ..........

ကျွန်တော်ကWattpad စာရေးသူလောကသို့ရောက်ရှိလာတာသိပ်မကြာသေးတဲ့အပျော်တမ်းစာရေးသူတစ်ယောက်ဖြစ်ပါတယ်။ Wattpadကိုရောက်လာရခြင်းကလဲ Fanfictionsလေးတွေ၊ စိတ်ကူးထဲက
ဇာတ်လမ်းလေးတွေကို အကောင်အထည်ဖော်ဖို့အတွက်ရည်ရွယ်ချက်နဲ့ရောက်လာခဲ့တာပါ။

Boy loveဝတ္ထုတွေကိုဖတ်စဥ်ကတည်းက
ခေတ်ဟောင်းပုံစံကျေးလက်အခြေပြုဇတ်လမ်း
လေးတစ်ပုဒ်ရေးဖို့အတွက်စိတ်ကူးယဥ်ခဲ့ဖူးပါတယ်။
အခုတော့ကျွန်တော့်ရဲ့ဆန္ဒလေးပြည့်ဖို့အတွက်
'Dear Kyauk Khal'ဇတ်လမ်းလေးကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စရေးစဥ်မှာလဲ အထက်တန်းကျောင်းသာဖြစ်တဲ့အလျောက် မသိနားမလည်တာတွေ၊လိုအပ်ချက်တွေ
အများကြီးနဲ့ပြည့်နှက်နေခဲ့ပါတယ်။အထူးသဖြင့် ကျွန်တော်ဟာ ရန်ကုန်ဇာတိဖြစ်တဲ့အပြင်၊ဒေသန္တရဗဟုသုတမှာမရှိသလောက်ဖြစ်တဲ့အတွက်
ဇတ်လမ်းကိုဖန်တီးတဲ့အခါ ကျေးလက်စရိုက်၊ကျေးလက်ဓလေ့တွေနဲ့ ၊ ကိုလိုနီခေတ်ရန်ကုန်အခြေအနေကို ပီပြင်အောင်ဖော်ပြဖို့က ကျွန်တော့်အတွက်စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။

ဒါကြောင့်ကျွန်တော်ဟာ ကျေးလက်ဇတ်လမ်းတွေ၊ခေတ်ဟောင်းဇတ်လမ်းတွေကိုဖတ်ယူဆည်းပူးခဲ့ရပြီး၊ ကိုလိုနီခေတ်ကရန်ကုန်မြို့ကို မြင်သာအောင်ရေးပြဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို Google၊Facebookနဲ့အခြားWebsiteတွေ၊လူကြီးသူမတွေဆီမှာ ရှာဖွေမေးမြန်းပြီးဇတ်လမ်းကို
ဖန်တီးခဲ့ရပါတယ်။စာရေးဆရာကြီး၊ဆရာမကြီးတွေရဲ့စာအုပ်များမှ အချို့အချက်အလက်တွေကိုလဲကိုးကားခဲ့ရပါတယ်။

ဒါကြောင့်ထိုအချက်အလက်တွေရဲ့ပိုင်ရှင်၊သက်ဆိုင်သူအားလုံးကိုဒီနေရာကနေခရစ်ဒစ်ပေးပါတယ်ဗျ။

စိတ်ကူးယဥ်ဇတ်လမ်းဖြစ်တာမို့ အပြင်လူ့အဖွဲ့အစည်းကအရာတွေအားလုံးကို ထိပါးလိုခြင်းမရှိကြောင်းနဲ့ တူညီခဲ့တာရှိရင်လဲတိုက်ဆိုင်မှုတစ်ခုမျှသာဖြစ်ကြောင်းကိုလဲဒီနေရာကနေအသိပေးလိုပါတယ်။

အချိန်ပေးဖတ်ရှု့ပေးတဲ့စာဖတ်သူတစ်ဦးချင်းစီကို
ကျေးဇူးအထူးတင်ရှိလျက်....။

(အက္ခရာ)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
~~~~~~~

စာဖတ်သူများထံသို့ ..........








(အက္ခရာ)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"Dear Kyauk Khal"(Complete)Where stories live. Discover now