အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'

5K 593 71
                                    


Unicode
~~~~~~~

'သိင်္ခ'ရဲ့  တဲ့တိုးဆန်လှတဲ့စကားကြောင့် 'အမာကြည်'
တစ်ယောက်မူးမေ့လဲသွားတော့မယောင်ခံစားလိုက်ရတယ်။ဘယ်လိုဖြစ်ပြီး နှာခေါင်းထဲကသွေးတွေကျလာရမှန်းမသိ၊ ရင်တွေအရမ်းတုန်နေလို့များလား၊
ဒါမှမဟုတ် သူ(မ)ကပဲအကြည့်လွန်သွားလို့များလားလေ။ ဘယ်လိုပဲဖြစ်ပါစေ သေချာတာကတော့ သူ(မ)အနေနဲ့ 'မောင်ကျောက်ခဲ'ကို
နောက်တစ်ခါ ခြောက်လှန့်ကျီစယ်တာမျိုး
မလုပ်တော့ဖို့ပဲဖြစ်တယ်။

လေဆာမျက်လုံးပိုင်ရှင် 'အမာကြည်'ထွက်သွားကာ
မှ 'သိင်္ခ'လဲစိတ်လျှော့ပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်ရတယ်။နာရီပိုင်းလေး အပြင်ထွက်မိတာတောင် ပြဿနာကအိမ်ထဲပါမက သူ့အသက်နားပါရောက်နေပြီလေတကယ်ကိုဆိုးဝါးလိုက်တာ။

"ကဲ...ကိုယ်တော်လေး တံခါးနားမှာ
ပုန်းမနေဘဲကိုယ့်ဆီလာခဲ့ပါအုံး။"

'သိင်္ခ'ကအိမ်ရှေ့ကဖိနပ်စင်လေးမှာ သူ့ရဲ့
ကတ္တီပါဖိနပ်လေးကိုလှမ်းတင်ရင်းပြောလိုက်တယ်။
တံခါးကြားကနေ ချောင်းကြည့်လို့နေရှာတဲ့ မျက်ဝန်း
ဝိုင်းဝိုင်းတွေက စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေမှန်း သူကလည်းမြင်ဖြစ်အောင်မြင်လိုက်ရသေးတာမို့
သဝန်တိုမိတာကအမှန်။

"သူက ဒီကိုဘယ်လိုလုပ်ရောက်နေရသလဲ..ဟမ်။"

သူ့စကားကိုနာခံစွာနဲ့ တံခါးကြားကနေထွက်လာ
ရှာတဲ့ကောင်ငယ်လေးကို 'သိင်္ခ'လှည့်ကြည့်ပြီး
မေးလိုက်တယ်။ဆံပင်တွေကလဲရေတွေစီးကျလို့၊
ပုခုံးတဝိုက်မှာတောင်စိုရွှဲနေတာကြောင့် သူဘာကိုအလိုမကျမှန်းမသိဖြစ်လာရတယ်။

"ဟော...ရေတွေကလဲစိုရွှဲလို့ပါလား
ဘာတွေဖြစ်ထားတာလဲ...ခေါင်းကိုသေချာသုတ်မှာပေါ့။"

အေးငြိမ်းမှုတို့ကင်းမဲ့​​နေတဲ့စိတ်အစုံနဲ့
မြိုသိပ်ထားရတဲ့ဝန်တိုမှုတိုကြောင့် 'သိင်္ခ'ရဲ့အသံက အနည်းငယ်မာထန်သွားရတယ်။ဒါပေမဲ့ သူကိုယ်တိုင်ကလဲလေသံကိုပြင်လိုက်ဖို့ဆန္ဒရှိမနေ၊ တစ်ခါတစ်လေကျဒီလိုခပ်မာမာပြောပြီး အရာအားလုံးကို
ကိုယ့်ခြေကိုယ်လက်နဲ့ သေချာလုပ်ပေးရတာကို ကြိုက်တယ်လေ။

"Dear Kyauk Khal"(Complete)Where stories live. Discover now