အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"

7.9K 926 84
                                    

Unicode
~~~~~~~

"ဟေ....ဇီး...ဇီးကွက်။"

ကျုပ် အစ်ကို့လက်တွေကြားကနေအမြန်ရုန်း
ထွက်ပြီးထူးလိုက်ရတယ်။ 'ဇီးကွက်'ရောက်လာတာ
ကံကောင်းတာလား၊ ကံဆိုးတာလားမသိပေမဲ့
အနည်းဆုံးတော့ ကျုပ်နှလုံးရောဂါရမဲ့အခြေအနေကနေလွတ်သွားတာတော့အမှန်ပဲ။

"ကိုကြီးကို လေးလေးက ခေါ်ခိုင်းလိုက်လို့
ကိုသိင်္ခ မပါဘူး...နေခဲ့လို့ရတယ်။"

သူ (ဇီးကွက်) 'ကိုသိင်္ခ' ကိုစေ့စေ့ကြည့်ရင်းပြောလိုက်တယ်။မျက်လုံးထဲမှာ လိုတာထက်ပိုလွန်းနေတဲ့ဒီလူကို
သူသိပ်ကြည့်လို့မရတော့တာအမှန်။ အရင်တုန်းကဆို'ကိုကြီးကျောက်ခဲ'နဲ့ သူနဲ့က အမြဲသွားလာနေကြ
ဒီလူရောက်လာမှ 'ကိုကြီးကျောက်ခဲ'က သူ့ကိုတောင်
အရေးမလုပ်နိုင်တော့တာ။ အားနေရင်ပြင်လိုက် ၊ ဆင်လိုက်'ကိုကြီးကျောက်ခဲ' ဆီသွားလိုက်နဲ့ မိန်းကလေးတွေတောင် သူ့လောက်မပြင်လောက်ဘူး။ ပြောပြန်ရင်လဲ 'ဇီးကွက်'လွန်ရာကျအုံးမယ်။အခုလဲလူမြင်ကွင်းကြီးမှာ မြင်မကောင်းအောင်လုပ်နေတယ်လေ ဒီလူကိုဝိုင်းပြောတာကိစ္စမရှိပေမဲ့
ဒီလိုကိစ္စတွေကြောင့် 'ကိုကြီးကျောက်ခဲ'
နာမည်ပျက်မှာကိုသူမလိုလားဘူး။

"ကိုယ်လဲ အခုအိမ်ပြန်တော့မလို့လေ....နေခဲ့စရာ
ကိစ္စမှမရှိတော့တာဘဲ။"

'သိင်္ခ'လဲ 'ကျောက်ခဲလေး'ရဲ့ပုခုံးကိုလှမ်းဖက်လိုက်ပြီး မနာလိုဖြစ်နေရှာတဲ့ ရှေ့ကလူငယ်လေး
ကိုကြည့်ပြီးပြောလိုက်တယ်။သူသာ 'ကျောက်ခဲလေး'ကို ရန်ကုန်ခေါ်သွားမယ်ဆိုတဲ့အကြံကိုသာ
ဒီကောင်​လေးသိရင်ဖြင့်ဘယ်လိုများနေလေမလဲ။

"ဟုတ်သားပဲ ဇီးကွက်ရာ...နို့ သူကြီးက
ဘာကိစ္စတဲ့လဲ။"

ကျုပ်လဲ အသက်ရှူကျပ်စရာအခြေအနေကနေ
ရုန်းထွက်ပြီး 'ဇီးကွက်'ကိုမေးလိုက်တယ်။ ဘာကြောင့်မှန်းမသိ ကျုပ်စိတ်ထဲမယ် ဒီနှစ်ယောက်က ကျုပ်ကိုလုနေသလို ခံစားနေရတယ်။

"ကျွန်တော့်စိတ်ထင် အလှူကိစ္စပဲနေမှာပေါ့
သွားရအောင်လေ ကြာနေရင် လေးလေးက
ကျွန်တော့်ကို မာန်ရော့မယ်။"

"Dear Kyauk Khal"(Complete)Where stories live. Discover now