အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"

9.9K 1K 217
                                    

Unicode
~~~~~~~

မိုးလေကင်းစင်လို့ ပြာလဲ့နေတဲ့ ကောင်းကင်ယံမှာ
မဟူရာစိန်ကြယ်ပွင့်တို့က တလက်လက်နဲ့
အလှချင်းပြိုင်လို့နေကြရဲ့။ ငွေဖြူရောင်
စန္ဒာလမင်းဟာလဲ ငွေရောင်အလင်းတို့ကိုဖြန့်​ကြဲလို့ လောကတစ်ခွင်ကို အအေးဓာတ်လေးဆောင်ကျဉ်းပေးလျက်ရှိတယ်။

'ငလင်ဗန်း'ရွာလေးရဲ့ ရွာလယ်လမ်းမမှာတော့
ကလေးတစ်သိုက်ဟာပျော်ရွှင်စွာနဲ့ဆော့ကစား
လို့နေကြတယ်။လျှပ်စစ်မီးဆိုတာဘာမှန်းမသိတဲ့အရပ်​ပေမို့ ဝိုင်းအချို့ ရဲ့အိမ်ထောင့်ခပ်လှမ်းလှမ်းနဲ့ ခြံထောင့်တွေမှာရေနံဆီမီးတိုင်တွေကို ထွန်းညှိလို့ထားကြတယ်။

'မောင်ကျောက်ခဲ'လေးတစ်ယောက်ဟာတော့
ရေနံဆီမီးအိမ်လေးကိုင်လို့ရွာလမ်းထဲကို
ခပ်သုတ်သုတ်လေးလျှောက်ဝင်လာခဲ့လေရဲ့။

ကျုပ်က 'ဒွေးညိုမ'ကို သူ့သူငယ်ချင်းမလေးအိမ်ကို
လိုက်ပို့ပြီး ပြန်လာတာ။ တောင်ပိုင်းက
နည်းနည်းလှမ်းတော့ အဘနဲ့အမက စိတ်မချလို့
လိုက်ပို့ပေးရတာပေါ့ဗျာ။ အပြန်ကျရင်တော့
သူ့သူငယ်ချင်းမလေး အိမ်ကလိုက်ပို့ပါလိမ့်မယ်။
ကျုပ်အဲ့ဒီကိုရောက်သွားတော့ လုံမလေးတွေ
လေးငါးခြောက်ယောက်လောက်က ကြိုရောက်
နေကြပြီ ။ မြို့ကဧည့်သည်တွေအကြောင်း
စပ်စုလိုက်တာလဲစုံပါရောလား။

'ကျေးဥ'မကအဆိုးဆုံးပဲ ကျုပ်နဲ့'ကိုသိင်္ခ' ကဘာတွေလဲတဲ့။ကျုပ်လဲ မိတ်ဆွေတွေလို့ပြောလိုက်တာပေါ့။
အဲ့သူငယ်မလေးက စကားကလဲသိပ်ကြွယ်တာမို့ ကျုပ်ခမျာ အဲ့ကလေးမလေးရဲ့စေ့စေ့ပေါက်ပေါက်မေးခွန်းတွေကို ရှောင်ရှားပြီးအမြန်ပြန်လာခဲ့လိုက်ရတယ်။

ကျုပ်ဝိုင်းထဲပြန်ရောက်တော့ အဘနဲ့အမက
အိမ်ရှေ့ကကွက်ပျစ်လေးမှာထိုင်ပြီး
ပြောင်းဖူးဖက်ဆေးလိပ်လေး ဖွာလို့ဗျ ။
ကျုပ်လဲ ရေနံဆီမီးအိမ်လေးကို
ခေါင်မှာရိုက်ထားတဲ့သံချိတ်လေးမှာချိတ်လိုက်ပြီး
အမ တို့နဲ့အတူဝင်ထိုင်လို့အခါးရည်လေးသောက်
နေလိုက်တယ်။

ကျုပ်တို့အရပ်ကဆေးပေါ့လိပ်ဝယ်မသောက်ရဘူးဗျ။ဘာကြောင့်ဆို ကိုယ်တိုင်လိပ်သောက်တာလေ။
ဆေးလိပ်ဖက်ကို သနပ်ဖက်ဒါမှမဟုတ် ပြောင်းဖူးဖက်ကိုသုံးတာ။ အမကတော့ ပြောင်းဖူးဖက်ကို လိပ်သောက်တာပဲများပါတယ်။ ဘာလို့ဆို ပြောင်းဖူးဖက်ဆေးလိပ်က အလုံးလဲ
ကြီးတယ်၊ တစ်ပေလောက်ရှည်
တော့ အဝသောက်လို့ရလို့တယ်လေ။

"Dear Kyauk Khal"(Complete)Where stories live. Discover now