အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'

5.9K 604 59
                                    


Unicode
~~~~~~~
Previous chapter
~~~~~~~~~~~~~~~

"ကျောက်ခဲလေး ဘာလို့အိမ်ကနေ ထွက်သွားလဲဆိုတာကိုအမှန်တိုင်းပြောပြမယ်ဆိုရင်၊ 'ကျောက်ခဲ' ဘယ်ကိုထွက်သွားလဲဆိုတာပြောမယ်။"

'အမာကြည်'စကားလဲဆုံးရော 'သိင်္ခ'ရဲ့မီးဝင်းဝင်းတောက်နေတဲ့အကြည့်တွေက သူ(မ)ပေါ်ကို တန်းရောက်လာတော့တယ်။ဖွီးးးဒါက ရူးနေတဲ့လူတဲ့လား၊တုံးအလိုက်ကြတာ။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

ဝန်းထဲမှာစိုက်ပျိုးထားတဲ့ အပင်အမျိုးမျိုးကြောင့်
ကျွန်းသားတွေကိုအသုံးပြုထားပြီး
ရေနံချေးဝနေအောင်သုတ်ထားတဲ့ နှစ်ထပ်ကျောင်းဆောင်ကြီးရဲ့​အရှေ့မှာအဝါရောင်ရွက်ကြွေတွေနဲ့ပြည့်နှက်လို့နေတယ်။ဒါပေမဲ့လဲ
သိပ်မကြာခင်မှာပဲ ထိုကျောင်းဆောင်ရှေ့ကို
လူငယ်လေးတစ်ယောက်ရောက်ရှိလာပြီး
မြေပြင်ပေါ်မှာ ကြွေကျလို့နေတဲ့ ရွက်ကြွေတွေကို အုန်းတံမြတ်စည်းကြီးတစ်ချောင်းကိုင်ပြီး'တဖြတ်ဖြတ်'နဲ့စတင်လှည်းကျင်းလိုက်လေတယ်။

ရွှေအိုရောင်နေရောင်ချည်တွေကြားထဲမှာရှိနေတဲ့
လူငယ်လေးရဲ့ပုံရိပ်ဟာ အလွန်ကိုရည်မွန်လှပြီး
မြင့်မားတဲ့အရပ်နဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်ပေါ်မှာ ခပ်နွမ်းနွမ်းစွတ်ကျယ်လေးတစ်ထည်နဲ့၊ သေချာဖွဲ့နှောင်လို့ထားတဲ့ ပတုံးရောင်သျှောင်ထုံးလေးက
နေရာယူလို့ထားတယ်။

ကျုပ်ဒီကိုရောက်နေတာ ဒီနေ့နဲ့ဆိုနှစ်ရက်မြောက်ရှိပြီ။ ကျုပ်မှာ သွားဖို့နေရာကလဲအတည်တကျမရှိတော့ ခိုလှုံ့စရာက ဘုန်းကြီးကျောင်းအပြင်မရှိဘူးလေ။ လောလောဆယ်တော့ ဆရာတော်တွေရဲ့ဝေယျာဝစ္စတွေကို ကူလုပ်ပြီးနေရတာပေါ့ဗျာ။
မနက်ဆိုစောစောထ ဝိုင်းလုပ်ပေး၊ဆရာတော်ဘုရားတွေ၊ ကိုရင်တွေဆွမ်းခံထွက်တော့ ကျုပ်
လဲတစ်ယောက်တည်းကျန်နေခဲ့တာနဲ့ ကျောင်းဝန်းကို
သန့်ရှင်းရေးလေးလုပ်နေတာ။ စိတ်တွေလဲ ငြိမ်သွားရအောင်ပေါ့။

ကျုပ်လည်းအချိန်အတိုင်းအတာ တစ်ခုအထိတော့ဘုန်းကြီးကျောင်းမှာတည်းရင်းနဲ့မှ
ကျန်သေးတဲ့ငွေလေးအနည်းအကျဉ်းနဲ့ ဈေးရောင်းဖို့စီစဉ်ထားတယ်၊ ပြီးတော့မှ ငွေလေးစုပြီး နေရာလေးတစ်နေရာငှားနေမယ်ပေါ့ဗျာ။

"Dear Kyauk Khal"(Complete)Where stories live. Discover now