အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'

5.4K 535 51
                                    

Unicode
~~~~~~~

ပြတင်းပေါက်ကနေ တိုးဝှေ့လာတဲ့
မနက်ခင်းရဲ့လတ်ဆတ်တဲ့လေပြည်ဟာ
ကုတင်ပေါ်မှာအိပ်မောကျနေသူနှစ်ယောက်ကို ဖြတ်သန်းလို့ ၊အခန်းကျယ်ထဲကိုအပြေးအလွှားရောက်ရှိလာလေတယ်။

အသစ်လဲထားတဲ့ လိုက်ကာဖြူအစတွေက
လေထဲမှာအိမ်မက်ဆန်ဆန်လွင့်ပါးလို့နေပြီး၊
အခန်းထဲကိုတိုးဝင်လာတဲ့ နေရာင်ချည်က တစ်စုံတစ်ယောက်ကိုသိုင်းဖက်ရင်း
အိပ်ပျော်လို့နေတဲ့ လူတစ်ယောက်ရဲ့မျက်နှာချောချောကိုတစ်ချက်တစ်ချက်သွားရောက်ကျီစယ်လို့
နေတယ်။

'သိင်္ခ'ကနိုးနေပြီဖြစ်ပေမဲ့လဲ ခေါင်းထဲမှာ
ရီဝေဝေဖြစ်နေဆဲမို့ မျက်လုံးလေးမှိတ်ပြီး
ပြန်မှေးဖို့ကြံလိုက်တယ်။ဒါပေမဲ့လဲကျောပြင်ဆီမှစပ်ဖြင်းဖြင်းခံစားချက်ကြီးကြောင့် မျက်လုံးတွေကျယ်သွားရပြီး လှဲနေရာကနေထထိုင်လိုက်ရတယ်။

"ကျစ်... ဘာဖြစ်တာလဲ။"

ဆစ်ခနဲ နာကျင်သွားရတဲ့ခံစားချက်ကြောင့်
'သိင်္ခ' နားမလည်နိုင်စွာရေရွတ်လိုက်ပြီး
ကုတင်ပေါ်ကနေ ဖြေးဖြေးချင်းဆင်းလို့
မှန်တင်ခုံရှေ့ကိုသွားလိုက်တယ်။
အဲ့ဒီနောက်မှာတော့ကျောပြင်က နာကျင်မှု
ကိုစူးစမ်းဖို့အတွက် အရက်နံ့တွေနဲ့ထုံမွှန်းနေတဲ့
သူ့ရဲ့ ရှပ်အင်္ကျီအဖြူ ကိုချွတ်ချလိုက်တော့တယ်။

'ကျောက်ခဲ'ဟာအအိပ်ဆတ်သူပြီပြီ ဘေးနားက
ခပ်တိုးတိုးရေရွတ်သံနဲ့လှုပ်ရှားမှုတွေကြောင့်
အိပ်ရာကနေကုန်းထလိုက်ရတယ်။

ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပေါ်ကနေ
အဖြူရောင်ရှပ်အင်္ကျီကပြုတ်ကျသွားတာနဲ့
နီရဲယောင်ယမ်းကာဖုဖောင်းနေတဲ့
အစင်းကြောင်းတို့က 'သိင်္ခ'ရဲ့ကျောပြင်ပေါ်မှာ
အကျည်းတန်စွာပေါ်ထွက်လာခဲ့တယ်။

"အစ်ကို..!။"

"အစ်ကို့ ကျော...ကျောကုန်းက ဘာဖြစ်တာလဲဟင်။
အစ်ကို ဘာ​တွေနဲ့ခြစ်မိလာတာလဲ။"

ဘာကိုမှ မသိရှာလေတဲ့
'ကျောက်ခဲ'မှာတော့ မိမိအရှေ့က
အသည်းကျိန်းစရာမြင်ကွင်း
ကြောင့် ချက်ချင်းကုတင်ပေါ်ကနေ
ပြေးဆင်းကာ 'သိင်္ခ'ဆီအပြေးသွားပြီး
စိုးရိမ်စွာနဲ့ မေးလာတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now