အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"

6.3K 678 101
                                    

Unicode
~~~~~~~

ကျုပ်လဲ မိုးအတော်ချုပ်မှ အခန်းထဲကိုပြန်ဝင်လာခဲ့တယ်။ အစ်ကိုကတော့ ကုတင်ရဲ့ညာဘက်ထောင့်မှာကွေးကွေးလေးအိပ်ပျော်လို့နေရဲ့။ ကြည့်လိုက်တာနဲ့ကျုပ်အိပ်ဖို့အတွက် နေရာဖယ်ထားပေးမှန်းသိပေမဲ့လဲ ကျုပ်ကုတင်ပေါ်တက်မအိပ်ရဲဘူး။ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံဘူးလေ။ ဒါကြောင့် ကျုပ်လဲကြမ်းပြင်မှာပုဆိုးလေးခင်းပြီး၊ကိုယ့်လက်မောင်းကိုယ်ခေါင်းအုံးလို့ အိပ်ပျော်အောင်ကြိုးစားလိုက်ရပါတော့တယ်။

အရာအားလုံးငြိမ်သက်သွားပြီးတဲ့နောက် ကုတင်ပေါ်မှ'သိင်္ခ'ဟာနိုးထလာခဲ့ပြီး သူ့ကိုကျောပေးလို့အိပ်နေ
တဲ့ကောင်လေးကိုနက်မှောင်နေတဲ့မျက်ဝန်းတွေနဲ့
စိုက်ကြည့်လို့နေခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာကုတင်ပေါ်ကဆင်းလိုက်ကာ တစ်ဖက်လူကိုစောင်ခြုံပေးလိုက်ပြီးနောက် ညာဘက်မျက်ခုံးပေါ်ကအမာရွတ်လေးကို နှုးညံ့စွာနဲ့နမ်းရှိုက်လိုက်
လေတယ်။

ဒီအမာရွတ်လေး ဘယ်လိုရလာသလဲ သူသိချင်ခဲ့သေးတာ။'ကျောက်ခဲလေး'ကသူ့ကို
အခုလိုတုန့်ပြန်လာလိမ့်မယ်လို့မတွေးမိခဲ့တာ
ကြောင့်ထင်တယ် ပိုလို့လဲနာကျင်နေရတယ်။

ဒီလိုအခြေအနေကြားမှာတောင်နှစ်ချိုက်စွာအိပ်ပျော်လို့နေတဲ့ကောင်ငယ်လေးက သူ့ကိုရွံကြောက်သွားတာကလွဲဘာခံစားချက်မှာရှိမနေခဲ့ဘူးထင်ပါရဲ့လေ။

'ကျောက်ခဲ'ရဲ့အမြင်မှာသူဟာညစ်ညမ်းတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီ။ဒီတစ်ခါတော့ သူ့ရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်လို့ စိတ်အပျက်မိဆုံးပဲ။သူသာမိန်းကလေးတစ်ယောက်ဆို...'ကျောက်ခဲ'လေးကသေချာပေါက်သဘောကျမှာမဟုတ်လား။

"ကိုယ်တို့က မှားယွင်းတဲ့ဆုံစည်းမှုတွေဖြစ်ခဲ့ကြပေမဲ့
မင်းကိုချစ်မိတာကတော့ မှန်ကန်တဲ့ကိုယ့်ခံစားချက်ပဲ။အဲ့ဒါက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး ကျောက်ခဲ။"

'သိင်္ခ'ဟာ ကောင်ငယ်​လေးကိုကြည့်ကာ
​တီးတိုးရေရွတ်လိုက်ပြီးနောက် ကုတင်ပေါ်ပြန်တက်လာခဲ့တယ်။ထိုညမှာ သူဟာလမ်းပျောက်နေဆဲပါပဲ။

"Dear Kyauk Khal"(Complete)Where stories live. Discover now