အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'

Start from the beginning
                                    

'သိင်္ခ'က 'ကျောက်ခဲ'ကိုပြန်ခေါ်လာဖို့ဘယ်လောက်ပဲ
အော်ဟစ်နေပါစေ 'ဒေါ်ရွှေဇင်ညိမ်း'က
မကြားချင်ယောင်ဆောင်နေလေ့ရှိတယ်။
တစ်ဦးတည်းသောသားဖြစ်သူ
ကနေ့ရှိသ၍ ယောက်ျားတစ်ယောက်ကိုပဲ
တမ်းတနေလေကာ အစာလဲမဝင်၊
ဆေးလဲမသောက်နဲ့ ကျန်းမာရေး
မှာသိသိသာသာယိုယွင်းလာနေတာကြောင့် သူ(မ)
ဟာအတော်လေးကိုအိုစာနေပြီဖြစ်တယ်။
သူ(မ)မှာ 'ကျောက်ခဲ' ကိုလဲလက်မခံနိုင်သလို
သားဖြစ်သူကိုလည်းအဆုံးအရှုံးမခံနိုင်ဘူး။
သူ့သားလေးအရင်လိုပြန်ဖြစ်ဖို့ဆို 'ကျောက်ခဲ'ကလွဲရင် အရာအားလုံးကိုဖြည့်ဆည်းပေးနိုင်တယ်လေ။

ဧည့်ခန်းထဲကခုံပေါ်မှာနွမ်းလျစွာထိုင်ချလို့လာတဲ့
'ဒေါ်ရွှေဇင်ညိမ်း'ကို 'ငြိမ်းငြိမ်း'ကအပြေးလေးလာပြီး
အကြောအခြင်ပြေအောင်နှိပ်ပေးလာတယ်။
'သိင်္ခ'ရဲ့လက်ချက်ကြောင့် မကြာသေးခင်ကမှနလန်ထူလာတဲ့ 'ငြိမ်းငြိမ်း'ရဲ့လည်ပင်းမှာ လက်ငါးချောင်းအရာကအထင်းသားပေမဲ့ သူ(မ)မှာ နားဖို့တော့စိတ်ကူးထားဟန်မရှိ။

"ကျွတ်...ကျွတ်!
ငြိမ်းငြိမ်းရယ်....အင်းအဲ့နားလေး။"

'ဒေါ်ရွှေဇင်ညိမ်း'က ဇိမ်ရှိစွာညီးညူရင်း သူ့ဇတ်ကိုတစ်ဖက်စောင်းပေးလိုက်တယ်။

"မေမေကြီး...အစ်ကိုလေးကို ဒီအတိုင်းပဲဆက်ကြည့်နေတော့မှာလားဟင်။"

'ငြိမ်းငြိမ်း'ရဲ့အမေးကို 'ဒေါ်ရွှေဇင်ညိမ်း'က မချိပြုံးလေးပြုံးရင်းဖြေသိမ့်တယ်။ အခုလောလောဆယ်မှာ ဒီအတိုင်းထိုင်ကြည့်နေဖို့ကလွဲပြီး သူတို့မှာအခြားရွေးချယ်စရာမှမရှိတာ။

"ညနေလောက်ကျရင် ကိုရွှေ တို့လာလိမ့်မယ်
အဲ့ကျမှဘာလုပ်သင့်လဲဆိုတာ တိုင်ပင်ရတော့မှာပေါ့။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေစောင်းနေပြီဖြစ်တာကြောင့် နေအပူရှိန်က
တဖြည်းဖြည်းနဲ့ကျလာလေပြီ။ရပ်ကွက်ဈေးတန်းထဲရှိ ဈေးသည်တွေမှာလဲ စုံလင်လှတဲ့ ဟင်းသီးဟင်းရွက်၊ သားငါး၊ကုန်မျိုးစုံတို့ကိုပြန်လည်ခင်းကျင်းလို့ သူ့ထက်ငါအပြိုင် ဝမ်းစာအတွက်လှုပ်ရှားရုန်းကန်လို့နေကြတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now