EPISODE - 32

1.4K 151 17
                                    


EPISODE - 32 (Unicode)

Ting Tong! Ting Tong!

အခန်းရှေ့မှ အဆက်မပြတ်သော လူခေါ်ဘဲလ်သံကြောင့် ကုတင်နှစ်လုံးဆက်ကာ အတူအိပ်နေသည့် ဂျောင်ဂုတို့နှစ်ယောက် မျက်လုံးကျယ်သွားကာ ဆတ်ခနဲထထိုင်လိုက်ကြသည်။ ညနက်သန်းခေါင် သူတို့ဆီ ဧည့်သည်မလာဖူး၍ ဒီတစ်ကြိမ်က အထူးအဆန်းဖြစ်စေသည်။

" ဟေး ဒီအချိန်ကြီး ဘယ်သူလာတာလဲ ထယ်ထယ်။ ငါတို့အခန်းကို ညနက်ကြီးလာရမယ့်သူ ဘယ်သူရှိလို့လဲ "

အိပ်ချင်နေသည့်လေသံဖြင့် ဂျောင်ဂု သန်းဝေပြီးပြောလာတော့ ထယ်ယောင်းလည်း စိတ်ရှုပ်ထွေးစွာ ဆံပင်တွေဆွဲဖွမိသည်။ သူတို့ဆီကို ဒီအချိန်ကြီးလာရအောင် ဘယ်သူက ဘာတွေ အရေးကြီးနေရပါသနည်း။

" ငါလည်း မသိဘူးလေ ဂျောင်ဂုရယ်။ ဘယ်သူလဲဆိုတာ တံခါးသွားဖွင့်ကြည့်မှ သိမှာပေါ့။ မင်း တံခါးသွားဖွင့်ပေးလိုက်ပါလား။ ငါမင်းနောက်မှာ ရှိနေမယ် "

ချစ်ရည်းစားက သူ့ကိုအရင်သွားခိုင်းလာတော့ ဂျောင်ဂု ခွန်းတုံ့ပြန်မငြင်းဘဲ အရှေ့က အရင်ထွက်လာခဲ့ပြီး ထယ်ယောင်းက နောက်က ကပ်ပါလာခဲ့သည်။ အခန်းတံခါးဆီရောက်တော့ သိချင်စိတ်က ပိုပိုလာခဲ့ကာ တံခါးဖွင့်ပေးလိုက်တော့ အခန်းဝက ထိုသူကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။

" ဟင်! ဆော့ဂျင် မင်းပါလား။ ဒီအချိန်ကြီး ငါတို့အခန်းဆီလာတာ ဘာကိ္စ္စရှိလို့လဲ "

ဆော့ဂျင်က ဂျောင်ဂု အမေးကို ဂရုမစိုက်အား။ သူ့မျက်ဝန်းများက ထယ်ယောင်းမျက်နှာဆီကိုသာ စူးစူးရဲရဲစိုက်ကြည့်လျှက် စားမလိုဝါးမလို အကြည့်တို့ဖြင့် တစ်စုံတရာကို ပြဿနာရှာချင်ဟန်။

" နမ်ဂျွန်း ဘယ်ရောက်နေလဲဆိုတာ မင်းသိတယ်မဟုတ်လား ထယ်ယောင်း။ သူ ဒီနေ့တစ်နေ့လုံး ပျောက်နေတာလည်း မင်းစနက်ကြောင့်မဟုတ်လား။ ဂျွန်းက ငါဖုန်းတာလည်း မကိုင်တော့ဘူး။ မင်းသူ့ကို တစ်နေရာပို့ထားတာ မဟုတ်လား။ ငါမင်းကို ဒူးထောက်တောင်းပန်ရမယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ငါ့မှာ သူတစ်ယောက်တည်းရှိတာမို့ သူမရှိဘဲ ငါမနေနိုင်ဘူး။ ငါတောင်းပန်ပါတယ် သူ့ကို ဖွက်မထားပါနဲ့ ထယ်ယောင်းရယ် "

Love Scenario (KookV/Completed) Where stories live. Discover now