EPISODE - 28

1.3K 167 13
                                    


EPISODE - 28 (Unicode)

" Yerin~ နင့်မောင်အစွမ်းက အံ့မခန်းပဲနော်။ သူတို့ဌာနက Kingနဲ့သူ့ကို ship pageတွေ ဘာတွေတောင် ပေါ်လာပြီ "

" ဘာဖြစ်လဲဟာ သူ့ကုသိုလ်နဲ့သူပဲကို။ သူ့အကြိုက်က အဲ့လိုဆိုတော့လည်း ငါက လက်ခံပေးရမှာပေါ့။ ထင်တော့ ထင်သားပဲ ငါ့မောင်က ယောက်ျားလေးတွေပဲ ကြိုက်မယ်ဆိုတာ "

သူအနားရောက်နေသည်ကို မသိသေးဘဲ အားရပါးရ အတင်းပြောနေဆဲ Yerinတို့ကြောင့် ထယ်ယောင်း စကားအချို့ကို ကြားလိုက်ရသည်။ Yerinရဲ့မောင်က ဌာန Kingနဲ့ ship pageပေါ်လာတယ်တဲ့လား။ ဒီလို Pageမျိုးက လောလောလတ်လတ်ဆိုလို့ Kookjin page တစ်ခုသာ ရှိသေးသည်။ မဟုတ်မှလွဲရော...

" နင်တို့ပြောနေတဲ့သူက ကင်ဆော့ဂျင်ဆိုတဲ့ တစ်ယောက်လား။ သူက.. အစ်မ Yerinရဲ့ မောင်... တကယ်ကြီးလား မီဂျင်း "

ထယ်​ယောင်းဆီက အထစ်ထစ်အငေါ့ငေါ့ မေးခွန်းမေးသံကြားရတော့မှ မီဂျင်းနှစ်ယောက်လည်း သူတို့အနောက်မှာ ထယ်ယောင်း ရောက်နေတာသိသွားသည်။ တော်သေးတယ် ထယ်ယောင်း သူတို့နောက်ရောက်နေတုန်း ထယ်ယောင်း အကြောင်းမပြောမိလို့။ မေးခွန်းအမေးခံရသည်က မီဂျင်းဖြစ်သော်လည်း အမှန်တကယ်ပြန်ဖြေလာသူက Yerinပေ။

" ဟုတ်တယ်လေ မောင်လေးရဲ့။ ဆော့ဂျင်က အစ်မမောင်အရင်းလေ။  မနေ့က သူနဲ့ဂျောင်ဂုတို့အတွက် ship pageပေါ်လာတော့ မောင်လေးကို ဒီအကြောင်းမေးဖို့ စောင့်နေတာ။ ဂျောင်ဂုနဲ့မောင်လေးက အရင်းနှီးဆုံး သူငယ်ချင်းဆိုတော့ အစ်မမောင်နဲ့ ဂျောင်ဂုတို့ကိစ္စ သိထားတာ မရှိဘူးလား။ ဂျောင်ဂုဘက်က တစ်ခုခု ထူးခြားတာမျိုး ရှိလား "

ထယ်ယောင်း ရင်ထဲဆို့သွားသည်။ သူအစ်မလို ချစ်ခင်ရတဲ့သူက သူ့ရန်သူတော်နဲ့ မောင်နှမတွေတဲ့လား။ တစ်ဆက်တည်းမှာ သူ့ရန်သူတော်နဲ့ သူ့သူငယ်ချင်းကြားက ဆက်ဆံရေးကိုပါ ထပ်အမေးခံရတာ အတော်လေး ခံစားရခက်လှသည်။

" အဲ့ဒီ pageက ဟာတွေက စိတ်ကူးယဥ်သက်သက်တွေပါ။ ဂျောင်ဂု တကယ်ချစ်တာ ဆော့ဂျင်မဟုတ်သလို ဆော့ဂျင် တကယ်ချစ်တာကလည်း ဂျောင်ဂုမဟုတ်ဘူး အစ်မ။ ဘယ်လိုပြောရမလဲ... ဒီကိစ္စက သိပ်ကိုရှုပ်ထွေးနေတယ် "

Love Scenario (KookV/Completed) Where stories live. Discover now