EPISODE - 12

1.4K 193 49
                                    


EPISODE - 12 (Unicode)

" ကဲ ခေါက်ဆွဲပြုတ်ပူပူလေး ရပြီနော် "

အငွေ့တထောင်းထောင်း ခေါက်ဆွဲပြုတ်လေးက ထယ်ယောင်းစိတ်ကို စားချင်လာအောင်ဆွဲဆောင်နေသည်။ သူ့အကြိုက် အသားလုံးလေးတွေက ခေါက်ဆွဲပြုတ်မှာ မပါမဖြစ်။ နှစ်တွေကြာတဲ့အထိ Jungkook သူ့အကြိုက်မမေ့သေးတာ ထယ်ယောင်း အံ့သြမိသည်။ ညသန်းခေါင်ကြီး ဗိုက်ထဆာသောသူ့ကို Jungkookကိုယ်တိုင် ခေါက်ဆွဲပြုတ်ကျွေးသဖြင့် ကျေးဇူးလည်းတင်မိသည်။

" မဆလာရော ထည့်ဦးမလား "

Jungkookဒီလိုမေးတော့ ထယ်ယောင်း သဘောကျပြီး ပြုံးလိုက်မိသည်။ ဒါက သူတို့နှစ်ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်။ အရသာအီသော ခေါက်ဆွဲပြုတ်မှာ မဆလာထည့်စားရသည့် အရသာကို နှစ်ယောက်လုံးသဘောကျသည်။ ငယ်ငယ်က Jungkook ဒါနဲ့ပတ်သက်ပြီး ပြောခဲ့တာလေးကို ထယ်ယောင်း ပြန်သတိရမိသေးသည်။

" ခေါက်ဆွဲရဲ့အီတဲ့အရသာကို အနံ့ပြင်းတဲ့မဆလာအရသာနဲ့ ပေါင်းလိုက်ရင် တမူထူးခြားတဲ့ အရသာမျိုးခံစားရလိမ့်မယ်။ မယုံရင် ထည့်စားကြည့်ပါလား "

ကလေးငယ်ထယ်ယောင်းကို ကလေးငယ် Jungkook မဆလာဘူးလေး လှမ်းပေးရင်းပြောလိုက်သောစကား။ Jungkookစကားကို နားမလည်သော ထယ်ယောင်းက ကြောင်စီစီမျက်လုံးလေးဖြင့် ပြန်ကြည့်လာသည်။ ခေါက်ဆွဲပြုတ်ထဲ မဆလာထည့်စားတာ ကြားမှမကြားဖူးဘဲ။

" မင်းပြောတာ ဟုတ်ရောဟုတ်လို့လား။ ငါ့အထင် အိန္ဒိယမဆလာနဲ့ တရုတ်ကစတဲ့ ခေါက်ဆွဲ လားလားမှ မအပ်စပ်သလိုဘဲနော် "

ထယ်ယောင်း ဒီလိုစောဒကတက်လာတော့ Jungkook မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သေချာပြန်စဥ်းစားကြည့်သည်။ ပြောပြီးမှတော့ မထူးတော့ သူ့စကားသူ ယုတ္တိရှိအောင် ဆင်ခြေပေးရမည်။

" မင်းကလည်း ဘာလို့မအပ်စပ်ရမှာလဲ။ ဒီလောကမှာ အိန္ဒိယနဲ့တရုတ်စပ်မွေးတဲ့ လူတွေက အချောဆုံးဆိုတာ မင်းမသိဘူးလား။ အိန္ဒိယက မျက်လုံး မျက်ခုံး နှာတံလှတယ်။ တရုတ်က အသားဖြူတယ်။ ဒီလူမျိုးတွေ စပ်ပြီးမွေးတဲ့ကလေးက ဘယ်လောက်တောင် ချောမလဲ မင်းစဥ်းစားကြည့်။ ဒီခေါက်ဆွဲပြုတ်လည်း အဲ့လိုပဲ။ ခေါက်ဆွဲရဲ့အီတဲ့အရသာကို မဆလာနံ့လေးနဲ့စားရင် ဘယ်လောက်အရသာရှိမလဲ စဥ်းစားကြည့်။ ဒါက အိန္ဒိယနဲ့တရုတ် ပေါင်းစည်းခြင်းအရသာပဲ "

Love Scenario (KookV/Completed) Where stories live. Discover now