EPISODE - 20

1.3K 156 20
                                    

EPISODE- 20 (Unicode)

သာသာယာယာရှိလှသော တနင်္ဂနွေကျောင်းပိတ်ရက်လေး။ ကျောင်းပိတ်ရက်မို့ ထယ်ယောင်းတစ်ယောက် နေဖင်ထိုးသည်အထိ တစ်ဝကြီး အိပ်ပစ်လိုက်ပြီးမှ အိပ်ရာကနိုးလာခဲ့သည်။ ဆောင်းတွင်းလေးမှာ အေးအေးစိမ့်စိမ့်နှင့် စောင်လေးခြုံကာ ဇိမ်ယူရတာကလည်း လူ့စည်းစိမ်တစ်မျိုးပဲ မဟုတ်လား။

ထယ်ယောင်း အိပ်ရာကနိုးနိုးချင်း ဖုန်းကောက်ကိုင်ပြီး နာရီကြည့်လိုက်တော့ အချိန်က ဆယ်နာရီခွဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သဖြင့် အိပ်ရာကနိုးချိန်တွင် ခန္ဓာကိုယ်က တိမ်စိုင်လေးပမာ ပေါ့ပါးလန်းနေသည်။ တစ်ဖက်က Jungkookကုတင်ဆီ လှမ်းကြည့်မိတော့ ဂျောင်ဂုက သူ့အိပ်ရာမှာ ရှိမနေ။ ထယ်ယောင်းထက်အရင် အိပ်ရာက ထသွားခဲ့လေပြီ။

အကြာကြီးအိပ်ထားသဖြင့် ထယ်ယောင်းဗိုက်က ဟောင်းလောင်းဖြစ်ပြီး ဆာလောင်နေသည်။ အစာတစ်ခုခု အမြန်စားရမည်ဖြစ်၍ ရေချိုးခန်းထဲ အမြန်ပြေးဝင်ကာ မျက်နှာသစ်လိုက်သည်။ မျက်နှာလည်း သစ်၊ သွားလည်း တိုက်ပြီးသည့်နောက် ညအိပ်ဝတ်စုံကို မလဲအားသေးဘဲ မီးဖိုချောင်ဆီ ထွက်လာခဲ့သည်။

အခန်းထဲမှာကတည်းက မီးဖိုချောင်ဆီက အသံသဲ့သဲ့ကြားရပြီး အခန်းအပြင်ရောက်တော့ မီးဖိုချောင်ဆီက အသံတွေ ပိုကျယ်ကျယ်ကြားလာရသည်။ ဒီအသံတွေကြားတော့ ထယ်ယောင်းစိတ်ထဲ အလိုလို ပျော်လာပြီး မျက်နှာလေးက ပြုံးရွှင်သွားသည်။

Jungkookတို့ ဘာတွေများ ချက်ပြုတ်နေလဲ မသိ။ ငါဗိုက်ဆာနေတာနဲ့ ကွက်တိပဲ။ သူတစ်ယောက်ရှိတာ ငါ့အတွက် စားရေးသောက်ရေး စိတ်မပူရဘူး။

ထယ်ယောင်းတစ်ယောက် အတွေးထဲမှာ အစားအသောက်အမျိုးမျိုးကို စိတ်ကူးဖြင့်ပုံဖော်ရင်း မီးဖိုချောင်ဆီ ခပ်မြန်မြန်သွားလိုက်တော့ အေပရွန်ကို ကျကျနနဝတ်ရင်း မီးဖိုနှစ်လုံးဖြင့် တစ်ပြိုင်တည်း ချက်နေသော Jungkookကို အဆင်သင့်တွေ့ရသည်။ မီးဖိုချောင် ကောင်တာပေါ်မှာလည်း ဟင်းချက်စရာတွေ ကျန်နေသေးသဖြင့် ထယ်ယောင်း ပါးစပ်အဟောင်းသားဖြစ်ရသည်။

" Jungkook! ဒီလောက် ဟင်းချက်စရာတွေ အများကြီးကို မင်းက တစ်နေ့တည်းချက်မှာလား။ ဘာလဲ ဘိုးဘွားရိပ်သာတို့ မိဘမဲ့ကျောင်းတို့မှာ ထမင်းဘူးသွားလှူမလို့လား "

Love Scenario (KookV/Completed) Where stories live. Discover now