EPISODE -19

1.1K 165 6
                                    

EPISODE - 19 (Unicode)

ကျောင်းဆင်းပွဲနေ့။ နမ်ဂျွန်းချိန်းထားသောနေရာဆီ ထယ်ယောင်း ယောင်လည်လည်ဖြင့်ရောက်လာခဲ့သည်။ ချိန်းထားသောနေရာက သူတို့စတင်ဆုံတွေ့ခဲ့သော ဘတ်စကတ်​ဘောကွင်းနားမှာဖြစ်ပြီး အားလုံးက ကိုယ့်အဖွဲ့နှင့်ကိုယ် အလွမ်းသယ်မဝဖြစ်နေသည်မို့ ထယ်ယောင်း ဒီဘက်ရောက်လာသည်ကို ဘယ်သူမှမသိ။ စိတ်ထဲလေးလံနေသော်လည်း ဒီတစ်နေ့ပြီးလျှင် နမ်ဂျွန်းမျက်နှာကို ထပ်မမြင်ရတော့ဟု သဘောပိုက်ကာ ချိန်းထားရာဆီ ထွက်လာခဲ့ခြင်းပင်။

" ထယ်ယောင်း မင်းတကယ်ပဲ ချိန်းထားတဲ့ဆီရောက်အောင်လာတာပဲနော် "

ရောက်ရောက်ချင်း ခရီးဦးကြိုပြုနှုတ်ဆက်လာသော နမ်ဂျွန်းကို ထယ်ယောင်း စိတ်မရှည်သလိုကြည့်သည်။ ဒီလို​​​​နေရာမျိုးမှာ နှစ်ယောက်တည်းနေဖို့ စိတ်မသက်မသာဖြစ်ရ၍ နမ်ဂျွန်းပြောသမျှ အကုန်နားထောင်ပြီး အမြန်ပြန်ရန်သာ သူစိတ်ကူးထားသည်။

" အေး ငါရောက်လာပြီ။ မင်းပြောစရာရှိတာ မြန်မြန်လေးပြော။ အခု ညနေတောင်စောင်းနေပြီ။ ကြာရင် မိုးချုပ်တော့မယ်။ အိမ်ပြန်နောက်ကျရင် ငါ့မိဘတွေ စိတ်ပူနေမှာစိုးလို့ "

ထယ်ယောင်းဆီက မကြည်သလိုအကြည့်နှင့် စိတ်မရှည်သောလေသံကြောင့် နမ်ဂျွန်း စိတ်ထဲမကောင်းဖြစ်သွားသော်လည်း မျက်နှာက ဟန်ဆောင်ပြုံးလျှက်။ သတိထားကြည့်မိပါလျှင် ထယ်ယောင်းကိုကြည့်ရင်း တိတ်တခိုးတောင်းပန်နေသော သူ့မျက်ဝန်းအကြည့်တို့ကို မြင်နိုင်ပေလိမ့်မည်။

" ငါတို့ကြားမှာဖြစ်ခဲ့သမျှအတွက် ငါမင်းကိုတောင်းပန်ချင်လို့ပါထယ်ယောင်းရယ်။ ငါမင်းအပေါ် မထားသင့်တဲ့စိတ်တွေ ထားခဲ့မိလို့ ငါ့ကိုယ်ငါလည်း အပြစ်တင်လို့မဆုံးပါဘူး။ အဲ့ဒါကြောင့် ငါ့ကို မင်းထပ်ပြီးမတွေ့ရအောင် ငါရှောင်နေပေးဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် ငါမင်းကို တစ်ခုလောက်တော့ တောင်းဆိုလို့ရမလား "

နမ်ဂျွန်း စကားပလ္လင်ခံလာသဖြင့် မြန်မြန်ပြော မြန်မြန်ပြီးဟု သဘောပိုက်ကာ ထယ်ယောင်း ခေါင်းညိမ့်ပြလာသည်။

Love Scenario (KookV/Completed) Where stories live. Discover now