EPISODE - 7

1.7K 219 33
                                    

EPISODE - 7 ( Unicode)

Jungkookနှင့် ထယ်ယောင်းတို့ အဆောင်ပြောင်းသည့်နေ့။ ထယ်ယောင်းအမေ ပေးလိုက်သော လိပ်စာအတိုင်းကားဖြင့်ထွက်လာခဲ့ပြီး အထပ်မြင့်ကွန်ဒိုတစ်ခုဆီ ရောက်လာခဲ့သည်။ နေရမည့်အခန်းက ဘယ်အထပ်၌ရှိသည်ကိုတော့ ကွန်ဒို Receptionမှာ မေးရမည်။

အခန်းလာရွေးစဥ်က Jungkook သူ့အမေနဲ့မလိုက်သွားဘဲ မြေညီထပ်က ဝန်ဆောင်မှုပေးသည့်နေရာမှာ ကျန်နေခဲ့သည်။ ကွန်ဒို အငှားဝန်ဆောင်မှုပေးသည့် ဝန်ထမ်းနှင့်အတူ Jungkook မိခင်ဖြစ်သူ အခန်းသွားကြည့်ရင်း ထယ်ယောင်း အမေနှင့်ဆုံခဲ့ကြခြင်းပေ။

" အစ်မခင်ဗျ မေးစရာလေးရှိလို့ "

ထယ်ယောင်းအသံကြောင့် မျက်မှန်ကြီးကို ဟန်ပါပါတပ်လျှက် ကွန်ပျူတာကိုမဲကြည့်နေသော receptionist အမျိုးသမီးက မျက်မှန်တစ်ချက်ပင့်ကာ သူတို့ကိုမော့ကြည့်လာသည်။ ကောင်လေးချောချောနှစ်ယောက် သူ့ရှေ့ရောက်လာသည်ကို တစ်ခါမှ ကောင်လေးချောချော မမြင်ဖူးသည့်အလား မျက်လုံးပြူးကြည့်နေသည်။

" ဟယ် အဆင်လေးတွေတော့ "

အငမ်းမရပြူးကြည့်နေရင်း ရင်ထဲမှ ပီတိဖြာဝေစွာထွက်လာသောစကား။ အသက်သုံးဆယ်ကျော်ဖြစ်ပေမယ့် အပျိုကြီး ဆုန်းဂျီဟိုတို့ ကောင်လေးချောချောတွေ့လျှင် ရင်ခုန်တတ်ဆဲ။ အလှတရားကို ခံစားတတ်ဆဲ။ ဒါကြောင့်မို့လည်း ကျောင်းသားအများစု ငှားနေလေ့ရှိသော ဒီကွန်ဒိုမှာ receptionistလာလုပ်နေခြင်းဖြစ်သည်။

Receptionတွင် မိန့်မိန့်ကြီးထိုင်၍ လာသမျှကောင်ချောလေးတွေကို ငေးကြည့်ခွင့်ရသည်က သူ့ကို ဒီအလုပ်မှာမြဲနေစေသည်။ ကွန်ဒိုထဲ ဝင်ထွက်တိုင်း သူ့မျက်နှာကို အမြဲတွေ့ရမည်ဖြစ်၍ တစ်​ယောက်မဟုတ် တစ်ယောက်တော့ မြင်ပါများပြီး ချစ်ကျွမ်းဝင်လာလိမ့်ဟု သူယုံကြည်ထားသည်။

အခုရောက်လာသည့် ကောင်လေးနှစ်ယောက်ကလည်း တစ်ယောက်တစ်မျိုးစီ ကြည့်ကောင်းသဖြင့် ဆုန်းဂျီဟိုတို့ ကြည့်ဝဖြစ်နေသည်။ တစ်ယောက်က ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်ဖြင့် cool boyလေးဖြစ်၍ နောက်တစ်ယောက်က ဖြူဖြူဥဥ ချစ်စရာမျက်နှာပိုင်ရှင် cute boyလေး။ မတူကွဲပြားစွာ ချောမောနေသော ကောင်လေးနှစ်ယောက်ကို တစ်ပြိုင်တည်းမြင်ခွင့်ရသည်က နည်းတဲ့ကုသိုလ်မှ မဟုတ်ဘဲ။

Love Scenario (KookV/Completed) Where stories live. Discover now