EPISODE - 25

1.2K 169 27
                                    


EPISODE - 25 (Unicode)

ထယ်ယောင်း အခန်းပြန်ရောက်တော့ အချိန်က ကိုးနာရီခွဲပြီးခဲ့ပြီ။ အခန်းတံခါးဖွင့်ဖွင့်ချင်း ဖင်ဂဏာမငြိမ် ဧည့်ခန်းထဲလမ်းပတ်လျှောက်နေသော ဂျောင်ဂုကို တန်းတွေ့လိုက်ရသည်။ ပြဿနာရှာဖို့ အစီအစဥ်ရှိသော်လည်း ဒင်းကို အရင် ထမင်းပေးစားလိုက်ဦးမည်။ ထမင်းဝပြီး အစာကြေလောက်တော့မှ ဘောင်ချာဆုတ်ကြသည်ပေါ့။

" ထယ်ထယ် မင်းပြန်ရောက်လာပြီနော်။ ငါ့မှာ မင်းကိုစိတ်ပူလွန်းလို့ ထမင်းတောင် မစားနိုင်သေးဘူး "

သူ့ကိုမြင်မြင်ချင်း ခရီးဦးကြိုစကားဆိုလာသော ဂျောင်ဂုကို ထယ်ယောင်း နှုတ်ခမ်းတွန့်ရုံပြုံးပြသည်။ လုပ်ချင်ရာတွေ လျှောက်လုပ်ထားပြီး သူ့ရှေ့မှာ ဘာမှမဖြစ်သလို နေနိုင်သော ဂျောင်ဂုကို တကယ်အောချမိသည်။ တကယ်တမ်းဆို အပြစ်လုပ်ထားပြီး မလုံမလဲဖြစ်နေသင့်သည် မဟုတ်လား။

" ဟုတ်လား ဒါဆို ငါအခုပြန်ရောက်ပြီလေ။ မင်း ထမင်းသွားစားလို့ရပြီ။ ငါက အပြင်မှာစားခဲ့ပြီးပြီဆိုတော့ ထပ်မစားတော့ဘူး။ မင်း အေးအေးဆေးဆေး ထမင်းဝအောင် စားပြီးမှ အိပ်ခန်းထဲဝင်ခဲ့ပေါ့။ ငါအရင်ဝင်နှင့်ပြီ "

ထယ်ယောင်းလည်း စကားကို လိုသလောက်သာပြောပြီး အိပ်ခန်းထဲ ဝင်သွားခဲ့သည်။ ထယ်ယောင်းဆီက ထူးထူးဆန်းဆန်း အငွေ့အသက်တွေ ခံစားနေရသော ဂျောင်ဂုမှာတော့ စိတ်ထဲ ဇဝေဇဝါဖြင့်။ အ​ဖြေထုတ်ကြည့်ဖို့လည်း ဉာဏ်မသုံးအားသေးသဖြင့် ဝမ်းဗိုက်၏တောင်းဆိုမှုကို အရင်ဖြည့်ဆည်းရန် မီးဖိုခန်းထဲ ဝင်သွားခဲ့သည်။

ထယ်ယောင်း ပြန်လာနိုးနိုးဖြင့်စောင့်ရင်း ထမင်းဝိုင်းပြင်ထားသည်မို့ ဂျောင်ဂု ထမင်းစားချိန်မှာ အထူးအထွေ ပြင်ဆင်စရာမလိုဘဲ အဆင်သင့်ဝင်စားလို့ရသည်။ တစ်ယောက်တည်း ညစာစားရသည်က ပျင်းခြောက်ခြောက်နိုင်သော်လည်း အတွေးပေါင်းစုံရောယှက်နေသော သူ့ဦးနှောက်က မပျင်းရအောင် အလုပ်လုပ်ပေးနေသည်။

ထယ်ယောင်းကြည့်ရတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ pageက ငါတို့ပုံတွေကို တွေ့ပြီးပြီဆိုရင် သူဒီလို အေးဆေးနေနိုင်ပါ့မလား။ ငါ့ကို သဝန်တွေတိုပြီး စိတ်တွေဆိုးနေရမှာလေ။ အခုလို အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတော့ သူငါ့ကို သဝန်မတိုဘူးလို့များလား။ သဝန်မတိုဘူးဆိုရင် သူငါ့ကို ချစ်ဖို့ဆိုတာလည်း မျှော်လင့်ချက်နည်းသွားပြီ။ ထယ်ယောင်းက ငါ့ကို သူငယ်ချင်းလိုပဲ သဘောထားနိုင်တာများလား။

Love Scenario (KookV/Completed) Where stories live. Discover now