EPISODE - 30

1.5K 169 73
                                    


EPISODE - 30 (Unicode)

နမ်ဂျွန်းတစ်ယောက် ဆော့ဂျင်ကို လက်ဆွဲခေါ်လာခဲ့ပြီး သူ့ကားပေါ် အတင်းတက်ခိုင်းကာ မောင်းထွက်လာခဲ့သည်။ ဆော့ဂျင် စကားပြောဖို့ကြိုးစားတိုင်း နမ်ဂျွန်းက အမူအရာဖြင့် တားနေပြန်၍ တစ်လမ်းလုံးစကားမပြောခဲ့ရ။ ဤသို့ဖြင့် သူ့အခန်းဆီ ပြန်ရောက်မှသာ နမ်ဂျွန်းကို ရန်တွေ့နိုင်တော့သည်။

" ဂျွန်း! ဘာလို့ ငါ့ကို အတင်းဆွဲခေါ်လာရတာလဲ။ ငါဟိုကောင်နဲ့ စာရင်းမရှင်းရသေးဘူးလေ။ ဘာလဲ မင်းက ငါသူ့ကို တစ်ခုခုလုပ်လိုက်မှာ သိပ်စိုးရိမ်နေလို့်လား။ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလိုက်တာ တင်းကြပ်နေတာပဲ။ အရမ်းတွေ ချစ်နေကြပုံပဲနော်။ မင်းငါ့ကို ကြိုက်တယ်ဆိုတာလည်း သူ့ကို ကာကွယ်ပေးချင်လို့ပဲလား "

စကားစပြောတည်းက ကတ်ကတ်လန်နေသော ဆော့ဂငြျကို နမ်ဂျွန်းက တည်တည်ငြိမ်ငြိမ်ကြည့်သည်။ ဒီအချိန်မျိုးမှာ ရှင်းပြလေ ပိုဆိုးလေဖြစ်တတ်သည်မို့ ပြန်ရှင်းပြဖို့ စိတ်ကူးမရှိ။ နမ်ဂျွန်းအကြည့်တို့က ဒေါသဖြင့် တဆတ်ဆတ်တုန်နေသော ဆော့ဂငြျ၏ နှုတ်ခမ်းနှစ်လွှာဆီသို့သာ တစိုက်မတ်မတ် ငေးစိုက်ကြည့်နေသည်။

နမ်ဂျွန်း ပုံစံက အေးအေးဆေးဆေးဖြစ်နေတော့ ဆော့ဂငြျ မျက်လုံးအဝိုင်းသားဖြင့် အံ့သြသလို ပြန်ကြည့်နေသည်။ ပျာပျာသဲသဲနဲ့ မဟုတ်ကြောင်း ရှင်းပြရမယ့်အစား အေးအေးဆေးဆေး ဖြစ်နေတာ ဘာသဘောပါလဲ။ ဒင်းက ချော့ဖို့တောင် ချေနေသေးတာလား။

" ဒါက ဘယ်လိုအပြုအမူလဲ။ အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတော့ ငါစွပ်စွဲတာ ဟုတ်နေတယ်ဆိုတဲ့ သဘောလား။ မင်း..."

ဆော့ဂျင် စကားမဆုံးခင်မှာပဲ နမ်ဂျွန်းက သူ့မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ခေါင်းကိုတစ်ဖက်စောင်းလျှက် နှုတ်ခမ်းနှစ်လွှာကို သိမ်းပိုက်နမ်းရှုံ့လာသည်။ ရှင်းပြရင်လည်း ပိုဆိုးမယ့်အတူတူ ပါးစပ်ကမပြောဘဲ အလုပ်နဲ့သက်သေပြတာက အကောင်းဆုံးမဟုတ်လား။

ရုတ်တရက်မို့ ဆော့ဂျင် မျက်လုံးပြူးသွားသော်လည်း နမ်ဂျွန်း၏ ချိုမြိန်သောအနမ်းတို့အောက်တွင် အလိုက်သင့်လေးပြန်နမ်းလာခဲ့သည်။ ပူနွေးစွတ်စိုသော အနမ်း၏ချိုမြိန်ခြင်းက ရိုးတွင်းချင်ဆီအထိ တသိမ့်သိမ့်လှိုက်ဖို နွေးထွေးစေသည်။

Love Scenario (KookV/Completed) Donde viven las historias. Descúbrelo ahora