EPISODE - 31

1.4K 154 61
                                    

EPISODE - 31 (Unicode)

ရည်းစားကို နမ်းမိသောအပြစ်ကြောင့် ယောင်ယမ်းအထိုးခံရသည်က နှုတ်ခမ်းပေါက်သွားခြင်းဟူသော ရလဒ်ဖြင့် အဆုံးသတ်သည်။ ဂျောင်ဂု နှုတ်ခမ်းပေါက်သွားသည်မို့ အသားကင်ဆိုင်တွင် မှာထားသမျှအတွက် ငွေရှင်းပေးခဲ့ကာ ကင်ပြီးသလောက်ကိုသာယူပြီး အခန်းအမြန်ပြန်ခဲ့ရသည်။

သူတို့အခန်းမှာ ေဆးပစ္စည်းအချို့ အဆင်သင့်ေဆာင်ထားလေ့ရှိ၍ အခန်းပြန်ရောက်ရောက်ချင်း ထယ်ယောင်းက ဂျောင်ဂု နှုတ်ခမ်းဒဏ်ရာကို အရက်ပြန်ဖြင့် သန့်စင်ပေးတော့ ဒဏ်ရာဆီမှ စပ်ဖျင်းဖျင်းခံစားချက်က ကျောရိုးထဲ ဆိမ့်ခနဲ..။

" အား...စပ်တယ် ထယ်ထယ်ရဲ့။ အရက်ပျံကို ဖြေးဖြေးလေးတို့ပါကွာ "

ဂျောင်ဂုအော်သံကြောင့် ထယ်ယောင်းက သူဘာမှမလုပ်ထားသလို ဖြူဖြူစင်စင်မျက်နှာထားဖြင့် မချိုမချဥ်ပြုံးပြသည်။ ကိုယ့်ရည်းစား ထိုးတာလေးကို ဒီလောက်ကြီးဖြစ်ပျက်ပြနေတာ လူကြားလို့တောင်မကောင်း။

" စပ်တယ်ဆိုတော့ မင်းက ငါ့လက်သီးကြောင့်ရတဲ့ ဒဏ်ရာကို နာတယ်လို့ သဘောထားနေတယ်ပေါ့။ မင်းပြောတော့ ငါ့ကို ချစ်တယ်ဆိုပြီး ငါ့ကြောင့်ရတဲ့ဒဏ်ရာကို နာတယ်လို့ သဘောထားတာ ဖြစ်သင့်ရဲ့လား။ နည်းနည်းပါးပါး မနာချင်ယောင်ဆောင်မှပေါ့ "

မှတ်သားလောက်ဖွယ်သော စကားတို့နှင့်အတူ နှုတ်ခမ်းကပ် ေဆးပလာစတာက သူ့နှုတ်ခမ်းပေါ်ကျရောက်လာသည်။ ထယ်ယောင်း လက်နုနုလေးများဖြင့် ေဆးပလာစတာကပ်ပေးနေသည်မို့ ဒဏ်ရာကနာကျင်မှုကို ပီတိဖြင့်ကုသရင်း ဂျောင်ဂုမျက်နှာက မချိမဆန့်ပြုံးလျှက်သား။

" အေးပါ ထယ်ထယ်ရယ်။ နောက်တစ်ခါ မင်းလက်ချက်နဲ့ ထပ်ပြီးဒဏ်ရာရရင် ဘယ်လောက်ပဲနာနာ မနာချင်ယောင်ဆောင်နေပါ့မယ်။ အထိုးခံထားရလို့ နည်းနည်းပါးပါး dramaချိုးမလို့ဟာကို မင်းဆီက မှတ်သားစရာ စကားလုံးအသစ်နဲ့ ချွေးသိပ်လိုက်ရတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကြောင့်နဲ့ ငါမင်းကို အချစ်မလျော့သွားဘူးနော်။ မင်းဘယ်လိုအပြုအမူတွေပဲလုပ်လုပ် မင်းက မင်းပဲဖြစ်နေတုန်းမို့လို့ ငါမင်းကိုချစ်တာ "

Love Scenario (KookV/Completed) Where stories live. Discover now