EPISODE - 10

1.7K 196 93
                                    

EPISODE - 10 (Unicode)

" ထယ်ထယ် စားသောက်ဆိုင်ရှေ့ရောက်နေပြီ။ ငါ့လက်ကို ဒီအတိုင်းဆွဲထားတော့မလို့လား "

Jungkookပြောတော့မှ ထယ်ယောင်းလည်း လက်ဆွဲထားမိတာသိရပြီး ချက်ချင်းပြန်လွှတ်လိုက်သည်။ စိတ်ကဆောင်နေသဖြင့် Jungkookလက်ကိုဆွဲလျှက် ခေါ်လာခဲ့သည်မှာ ကွန်ဒိုအဆောက်အဦး၏ ကားလမ်းတစ်ဖက်ခြမ်းရှိ စားသောက်ဆိုင်ရှေ့ ဘယ်လိုဘယ်လိုရောက်လာသည်မသိ။ ဓာတ်လှေကားစီးပြီး အောက်ထပ်ကိုဆင်း၊ ကွန်ဒိုအပြင်ရောက်ပြီး ကားလမ်းကိုဘယ်လိုတွေ ဖြတ်ကူးလာခဲ့သည်ကိုပင် သူသတိမမူမိ။

" ငါတောင်းပန်ပါတယ် Jungkook~ ငါ နည်းနည်းလေး သတိလွတ်သွားတယ် "

လုပ်တုန်းကလုပ်ပြီး အခုမှရူးချင်ယောင်ဆောင်နေသော ထယ်ယောင်း။ သူကျတော့ သူ့အသားလာထိရင် မကြိုက်ဘဲ သူများအသားကျတော့ လက်ရဲဇက်ရဲလာကိုင်တတ်သည်။ ဒါမျိုးကျ Jungkookတို့ လုံးဝအလျှော့ပေး၍မဖြစ်။ ထယ်ယောင်းကို နည်းနည်းပြန်ကလိရမှ ကျေနပ်နိုင်မည်။

" အဲ့လို တောင်းပန်လို့ရကြေးလား ထယ်ထယ်။ မင်းကျတော့ မင်းအသားထိရင် မကြိုက်တတ်ဘူး။ ငါ့ကျတော့ လက်ရဲဇက်ရဲ လက်ဆွဲခေါ်လာတယ်။ ငါက လူပျိုနုနုထွတ်ထွတ်လေးဟာကို မင်းလုပ်ရက်တယ်။ အိုး..ကြည့်ပါဦး မင်းအတင်းဆွဲခေါ်လာလို့ ငါ့လက်ကောက်ဝတ်လေးတွေ နီရဲကုန်ပြီ "

သူ့ရုပ်နဲမှမလိုက် နှုတ်ခမ်းစူပြီး ငိုမဲ့မဲ့လုပ်ပြနေသော Jungkookကြောင့် ထယ်ယောင်း စိတ်ထဲ စေတနာတွေပျက်ကုန်သည်။ နည်းနည်းလေး မျက်နှာသာမပေးလိုက်နဲ့။ မျက်နှာသာပေးရင် အခွင့်အရေးယူပြီး Dramaချိုးတတ်တာ တကယ်အမြင်ကတ်စရာကြီး။

" တော်ပါ နည်းနည်းလေး အလျှော့ပေးလိုက်တာနဲ့ အပိုတွေလာလုပ်ပြနေတယ်။ ယောက်ျားလေးချင်းပဲ လက်ကိုင်တာဘာဖြစ်လို့လဲ။ သူ့ကြည့်တော့ ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ လာပြီး နုပြနေတယ်။ မသာကောင် စောက်ကောင်းကျိုးကိုမပေးဘူး "

ရုပ်ကလေးနဲ့မလိုက် ထဆဲလာသော ထယ်ယောင်းကို Jungkookစိတ်မဆိုးရက်။ ထယ်ယောင်းဆဲတာက သူများတွေနဲ့မတူ။ သူ့အမြင်မှာတော့ ချစ်စရာကောင်းသည်ဟုပင် ထင်မိသည်။ စိတ်ဆိုးတိုင်း စူထွက်လာတတ်သော မထူမပါးနှုတ်ခမ်း ရဲရဲလေးတွေကလည်း ကြည့်မဝနိုင်အောင် ဆွဲဆောင်လွန်းနေသည်။

Love Scenario (KookV/Completed) Where stories live. Discover now