Introduction

10.8K 461 34
                                    


Introduction

ကျွန်တော့်မှာ ထူးထူးခြားခြား ဇီဇာကြောင်ခြင်းတစ်မျိုးရှိတယ်။ အဲဒါက ကျွန်တော်လူပျိုပေါက်အရွယ်ကစပြီး ကျွန်တော့်ခန္ဓာကိုယ်ကို ဘယ်သူလာထိထိ မကြိုက်တာပါ။ အထူးသဖြင့် ကျွန်တော့်ငယ်သူချင်း ​ေဂျာင်ဂုတောင် ကျွန်တော့်ကိုမထိရပါဘူး။ ဒီလိုဆိုပေမယ့် ကျွန်တော်က အရမ်းလည်းဇီဇာမကြောင်တတ်ပါဘူး။ ကျွန်တော့်ချစ်သူဖြစ်လာမယ့်သူကတော့ ကျွန်တော့်ကိုထိခွင့်ရမှာပါ
Kim Taehyung

ကလေးဘဝက ကျွန်တော့်သူငယ်ချင်းနဲ့ပြန်တွေ့ရတာ ကျွန်တော့်မှာ ရယ်ရခက်ငိုရခက်နဲ့ တကယ်အဆင်မပြေပါဘူး။ သူနဲ့ပြန်တွေ့ရလို့ပျော်မိပေမယ့် သူကငယ်ငယ်ကလိုမဟုတ်တော့ဘဲ ဇီဇာကြောင်တဲ့ကောင်ဖြစ်သွားတော့ နည်းနည်း အသားမကျသလိုခံစားရတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ပြန်ဆုံချိန်ကစပြီး သူဘယ်လောက်ထိ ကြီးကျယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြပါ။ ဘာလို့ဆို တက္ကသိုလ်တက်နေတဲ့တစ်လျောက်လုံး သူနဲ့ကျွန်တော်က တိုက်ခန်းတစ်ခန်းတည်းမှာ အတူနေကြမှာမို့လို့ပါ။ အဲဒီအချိန်အတွင်း သူ့ရဲ့ဇီဇာကြောင်တတ်တဲ့အကျင့်ကို ကျွန်တော်ရအောင်ပြင်ပေးမှာပါ။
Jeon Jungkoook

ကျွန်တော်အရမ်းချစ်ရတဲ့ ထယ်ယောင်းက ကျွန်တော့်အချစ်ကိုလက်မခံနိုင်လို့ အခြားတစ်ယောက်ဆီကို ပြေးထွက်သွားခဲ့တယ်။ ကျွန်တော်နာကျင်ရတယ်ဆိုပေမယ့် ကျွန်တော့်နှလုံးသားကို ကုစားပေးမယ့်သူတစ်ယောက်ကို အစားပြန်ရခဲ့တယ်။ သူ့နာမည်က ကင်ဆော့ဂျင်တဲ့။ ကျွန်တော်ကတော့ သူ့ကို ဝက်ဝံပေါ​က်လို့ ခေါ်တယ်
Kim Namjoon

ကျွန်တော့်ဘဝမှာ မနာလိုအဖြစ်ရဆုံး လူတစ်ယောက်ရှိတယ်။ သူ့နာမည်က ကင်ထယ်ယောင်းတဲ့။ ဘာလို့ဆို သူက ကျွန်တော်သဘောကျနေတဲ့ နမ်ဂျွန်းရဲ့ အချစ်ဦးဖြစ်နေလို့ပါပဲ။ နမ်ဂျွန်းကို ကျွန်တော်ရနိုင်ဖို့ဆို သူ့စိတ်ထဲက ထယ်​ယောင်းကို ကျွန်တော် အရင်ဖယ်ထုတ်မှဖြစ်မယ်
Kim Seok Jin

သူကျွန်မကို ဖွင့်ပြောခဲ့တဲ့နေ့တုန်းက ကျွန်မ မယုံနိုင်လွန်းလို့ အိပ်မက်လို့တောင်ထင်ခဲ့မိတယ်။ ကျွန်မ တစ်ဖက်သတ်ချစ်နေရတဲ့ ထယ်ယောင်းက ကျွန်မကို 'တွဲကြရအောင်' တဲ့။ ကျွန်မပျော်လွန်းလို့ ထခုန်မတတ်ပါပဲ။ ဒါပေမဲ့လည်း ကျွန်မပျော်ရွှင်မှုက အကြာကြီးမဟုတ်ခဲ့ဘူး...
Kim Yerin

Introduction

ကြၽန္ေတာ္႕မွာ ထူးထူးျခားျခား ဇီဇာေၾကာင္ျခင္းတစ္မ်ိဳး႐ွိတယ္။ အဲဒါက ကြၽန္ေတာ္လူပ်ိဳေပါက္အ႐ြယ္ကစၿပီး ကြၽန္ေတာ္႕ခႏၶာကိုယ္ကို ဘယ္သူလာထိထိ မႀကိဳက္တာပါ။ အထူးသျဖင့္ ကြၽန္ေတာ္႕ငယ္သူခ်င္း ​ေဂ်ာင္ဂုေတာင္ ကြၽန္ေတာ္႕ကိုမထိရပါဘူး။ ဒီလိုဆိုေပမယ့္ ကြၽန္ေတာ္က အရမ္းလည္းဇီဇာမေၾကာင္တတ္ပါဘူး။ ကြၽန္ေတာ္႕ခ်စ္သူျဖစ္လာမယ့္သူကေတာ့ ကြၽန္ေတာ္႕ကိုထိခြင့္ရမွာပါ
Kim Taehyung

ကေလးဘဝက ကြၽန္ေတာ္႕သူငယ္ခ်င္းနဲ႔ျပန္ေတြ႕ရတာ ကြၽန္ေတာ္႕မွာ ရယ္ရခက္ငိုရခက္နဲ႔ တကယ္အဆင္မေျပပါဘူး။ သူနဲ႔ျပန္ေတြ႕ရလို႔ေပ်ာ္မိေပမယ့္ သူကငယ္ငယ္ကလိုမဟုတ္ေတာ့ဘဲ ဇီဇာေၾကာင္တဲ့ေကာင္ျဖစ္သြားေတာ့ နည္းနည္း အသားမက်သလိုခံစားရတယ္။ ဒါေပမဲ့ ကြၽန္ေတာ္နဲ႔ျပန္ဆုံခ်ိန္ကစၿပီး သူဘယ္ေလာက္ထိ ႀကီးက်ယ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ၾကပါ။ ဘာလို႔ဆို တကၠသိုလ္တက္ေနတဲ့တစ္ေလ်ာက္လုံး သူနဲ႔ကြၽန္ေတာ္က တိုက္ခန္းတစ္ခန္းတည္းမွာ အတူေနၾကမွာမို႔လို႔ပါ။ အဲဒီအခ်ိန္အတြင္း သူ႕ရဲ႕ဇီဇာေၾကာင္တတ္တဲ့အက်င့္ကို ကြၽန္ေတာ္ရေအာင္ျပင္ေပးမွာပါ။
Jeon Jungkoook

ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့ ထယ္ေယာင္းက ကြၽန္ေတာ္႕အခ်စ္ကိုလက္မခံႏိုင္လို႔ အျခားတစ္ေယာက္ဆီကို ေျပးထြက္သြားခဲ့တယ္။ ကြၽန္ေတာ္နာက်င္ရတယ္ဆိုေပမယ့္ ကြၽန္ေတာ္႕ႏွလုံးသားကို ကုစားေပးမယ့္သူတစ္ေယာက္ကို အစားျပန္ရခဲ့တယ္။ သူ႕နာမည္က ကင္ေဆာ့ဂ်င္တဲ့။ ကြၽန္ေတာ္ကေတာ့ သူ႕ကို ဝက္ဝံေပါ​က္လို႔ ေခၚတယ္
Kim Namjoon

ကြၽန္ေတာ္႕ဘဝမွာ မနာလိုအျဖစ္ရဆုံး လူတစ္ေယာက္႐ွိတယ္။ သူ႕နာမည္က ကင္ထယ္ေယာင္းတဲ့။ ဘာလို႔ဆို သူက ကြၽန္ေတာ္သေဘာက်ေနတဲ့ နမ္ဂြၽန္းရဲ႕ အခ်စ္ဦးျဖစ္ေနလို႔ပါပဲ။ နမ္ဂြၽန္းကို ကြၽန္ေတာ္ရႏိုင္ဖို႔ဆို သူ႕စိတ္ထဲက ထယ္​ေယာင္းကို ကြၽန္ေတာ္ အရင္ဖယ္ထုတ္မွျဖစ္မယ္
Kim Seok Jin

သူကြၽန္မကို ဖြင့္ေျပာခဲ့တဲ့ေန႔တုန္းက ကြၽန္မ မယုံႏိုင္လြန္းလို႔ အိပ္မက္လို႔ေတာင္ထင္ခဲ့မိတယ္။ ကြၽန္မ တစ္ဖက္သတ္ခ်စ္ေနရတဲ့ ထယ္ေယာင္းက ကြၽန္မကို 'တြဲၾကရေအာင္' တဲ့။ ကြၽန္မေပ်ာ္လြန္းလို႔ ထခုန္မတတ္ပါပဲ။ ဒါေပမဲ့လည္း ကြၽန္မေပ်ာ္႐ႊင္မႈက အၾကာႀကီးမဟုတ္ခဲ့ဘူး...
Kim Yerin

Love Scenario (KookV/Completed) Where stories live. Discover now