EPISODE - 21

1.2K 157 28
                                    

EPISODE - 21 (Unicode)

အချိန်က ညနေငါးနာရီ။ ကျောင်းချိန်ပြီးသွားသည်မှာ တစ်နာရီမက ရှိတော့မည်။ ထယ်ယောင်းက အခန်းဆီပြန်သွားပြီဖြစ်သော်လည်း Jungkookမှာတော့ အင်ဂျင်နီယာဌာန၏ လေ့ကျင့်ရေးခန်းမထဲ ရောက်နေခဲ့သည်။ ဒီနေရာမှာက ဌာနတွင်းပွဲများကျင်းပလေ့ရှိပြီး stageတစ်ခုနှင့် လူငါးရာစာထိုင်ခုံထားရန် နေရာလွတ်အကျယ်ကြီး ရှိနေသည်။

လေ့ကျင့်ရေး ခန်းမအတွင်း Jungkookအပြင် ဌာန၏မေဂျာခွဲများအလိုက် ရွေးချယ်ထားသော Sectionများရှိနေသည်။ စက်မှုအင်ဂျင်နီယာ မေဂျာအတွက်တော့ Jungkookနှင့်အတူ ဟန်နာဘီ ဟူသော မိန်းကလေးကို ကိုယ်စားပြု ရွေးချယ်ထားသည်။

ဦးဆောင်သူ အစ်မဆိုယွန်းနှင့် မီအွန်းတို့ အဖွဲ့က အားလုံးအတွက် သေချာအလှအပ ပြင်ဆင်ပေးထားသဖြင့် တစ်ယောက်တစ်မျိုးစီ ချောမောပြီး ကြည့်ကောင်းလျှက်ရှိသည်။ သူတို့အဆက်အသွယ်နှင့်သူတို့ အဝတ်အစား Sponsorပါ ရှာထားသဖြင့် အရာရာက အဆင်သင့်ဖြစ်နေသည်။

" ကဲ အားလုံး လူစုံပြီဆိုတော့ အစ်မတို့က ဌာနရဲ့ pageမှာတင်နိုင်ဖို့ အရင်ဆုံး ဓာတ်ပုံလေးတွေ ရိုက်လိုက်ကြရအောင်။ ပို့စ်ပေးတာ အဆင်မပြေရင် အစ်မတို့ ကူညီပေးမှာမို့ ရှက်ကြောက်မနေဘဲ stageပေါ် တက်ကြမယ်နော်။ Camera-men ready!  ပထမဆုံး ဗိသုကာအင်ဂျင်နီယာ မေဂျာက ဟန်ထယ်ဂျူနဲ့ ဆုန်းဟယ်အင်တို့ stageပေါ် တက်ခဲ့ကြပါ "

အစ်မဆိုယွန်းက Rapရွတ်သလို စကားတွေမနားတမ်းပြောရင်း ပထမတစ်တွဲကို stageပေါ် တက်စေလိုက်သည်။ ထိုနှစ်ယောက် stageပေါ်ရောက်တော့လည်း အစ်မဆိုယွန်း ပါးစပ်မပိတ်နိုင်သေး။ ပို့စ်ပေးပုံ အမျိုးမျိုးကို ပါးစပ်ကညွှန်ကြားရင်း မမောနိုင်မပန်းနိုင်ရှိလှသည်။ ထိုစဥ် ဓာတ်ပုံရိုက်ရန် စောင့်ဆိုင်းနေသူများက အပျင်းပြေ စကားဖောင်ဖွဲ့နေ၏။

" မလွှဲသာလို့သာ ဝင်ပြိုင်ရတာ။ ဒီဌာနတစ်ခုလုံးရဲ့ Kingက Jungkookပဲဆိုတာ ကျွန်တော်တို့သေချာပြောရဲတယ်။ ရုပ်ရည်ပိုင်းရော ခန္ဓာကိုယ် အချိုးအစားအရရော ပြိုင်ပွဲဝင် ယောက်ျားလေးတွေ အားလုံးထဲ ထင်းနေတာပဲ "

Love Scenario (KookV/Completed) Where stories live. Discover now