EPISODE - 27

1.2K 171 31
                                    


EPISODE - 27 (Unicode)

ညရှစ်နာရီထိုးတော့မည်မို့ ထယ်ယောင်း ထမင်းဝိုင်းကို အမြန်ပြင်ဆင်နေသည်။ ထမင်းဝိုင်းမှာထိုင်လိုက်တိုင်း ဂျောင်ဂု ပုံရိပ်က အတွေးထဲပေါ်လာတတ်သည်မို့ ဂျောင်ဂု ပြန်လာမှ ထမင်းအတူစားဖို့ သူဆုံးဖြတ်ထားပြီးပြီ။ ဂျောင်ဂု အပြင်မှာ ညစာစားမလာဖို့သာ သူမျှော်လင့်နေရသည်။

ရှစ်နာရီလောက်ဆို ဂျောင်ဂု ပြန်ရောက်တတ်သဖြင့် အချိန်နီးလာလေလေ ထယ်ယောင်းတို့ ပိုပြီး ဂဏာမနာဖြစ်လေလေပင်။ သူ့အဖြစ်က အိမ်ပြန်လာမည့် ခင်ပွန်းသည်ကို ထမင်းဝိုင်းပြင်ပြီး အသင့်စောင့်နေသော အိမ်ရှင်မတစ်ယောက်နှင့် အလားသဏ္ဍာန်တူနေသည်။

သို့သော် ဒီခံစားချက်ကို သူနားမလည်သေး။ ဒီအတိုင်း စိတ်၏ လိုလားတောင့်တမှုဟုသာ သူမှတ်ယူထားသည်။ တစ်ခါတလေတော့လည်း ဂျောင်ဂု မရှိဘဲ မနေတတ်တော့သည့် သူ့ကိုယ်သူ ပြန်ပြီး အပြစ်တင်မိသည်။ ဘာလို့များ လူတစ်ယောက်ကို လွယ်လွယ်စွဲလမ်းနိုင်ပါသလဲပေါ့။

ဒါက ဂျောင်ဂု အပေါ် သူစွဲလမ်းနေပြီဆိုတာ ဝန်ခံလိုက်ခြင်းလား။ စွဲလမ်းနေပြီထား ဒီလောက်နဲ့ အချစ်မဟုတ်သေးဘူးဆိုတာ သူ့ကိုယ်သူ ပြန်သတိပေးနေရသည်။ ခေါင်းမာတယ်ပဲ ဆိုချင်ဆို ပြောပြီးသားစကားကို ဖောက်ဖျက်ပြီး ဂျောင်ဂုကို အရှုံးပေးလိုက်ရမှာ သူကြောက်မိသည်။

သူအတွေးလွန်နေတုန်း အခန်းတံခါးဖွင့်သံနှင့်အတူ ဂျောင်ဂု အခန်းဆီ ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်ရောက်ချင်း လက်ထဲက ပန်းစည်းနှင့်မုန့်ထုပ်ကို ဆိုဖာပေါ်လှမ်းတင်ခဲ့ပြီး မီးဖိုခန်းထဲ တန်းဝင်လာခဲ့တော့ ထယ်ယောင်းက ထမင်းဝိုင်းကနေ လက်ယပ်ခေါ်သည်။

" ဂျောင်ဂု ငါ ထမင်းဝိုင်းပြင်ထားတယ်။ ငါနဲ့အတူ တစ်ခါတည်း ဝင်စားလိုက်နော် "

ဂျောင်ဂု နှုတ်ခမ်းတွန့်ရုံ ခပ်ပါးပါးပြုံးပြရင်း ဘေစင်မှာ လက်သွားဆေးပြီးမှ ထယ်ယောင်းအနားမှာ ဝင်ထိုင်လိုက်သည်။  အရင်လို စိတ်လိုလက်ရအပြုံးမျိုး မတွေ့ရတော့ပြီမို့ ထယ်ယောင်းစိတ်ထဲ နှမျောမိသလိုလိုပင်။

Love Scenario (KookV/Completed) حيث تعيش القصص. اكتشف الآن