EPISODE - 17

1.1K 152 8
                                    

EPISODE - 17 (Unicode)

" မောင်လေး အစ်မတို့ကို မှတ်မိလား။ ကျောင်းသားသစ်ကြိုဆိုပွဲနေ့က Accတောင်းယူထားတဲ့ အစ်မတွေလေ "

Jungkookတစ်ယောက် အတန်းတက်ပြီး စာသင်ခန်းထဲကအထွက် စီနီယာအစ်မနှစ်ယောက်နှင့် ဆုံသွားသည်။ အစ်မဆိုယွန်းက သူ့ကိုမြင်မြင်ချင်းမှတ်မိပြီး နှုတ်ဆက်လာသဖြင့် သူလည်း ရုတ်တရက် ကြောင်အန်းအန်းဖြင့် ပြန်နှုတ်ဆက်ရသည်။

" ဟုတ် မှတ်မိပါတယ်။ အစ်မ ဆိုအွန်းနဲ့ အစ်မ မီယွန်းလေ "

မှတ်မိသည်ဆိုပြီး နာမည်ပြောင်းပြန်ပြောလာသော Jungkookကြောင့် စီနီယာအစ်မနှစ်ယောက် ထရယ်မိသည်။ Jungkookနောက်က ပါလာသော အတန်းဖော် နမ်ဂျွန်းကတော့ နားမလည်သလို ရပ်ကြည့်နေသည်။

" အမလေး ငါ့မောင်ရယ်။ မောင်လေးလုပ်မှ အစ်မတို့နာမည်တွေ ပြောင်းပြန်ဖြစ်ကုန်တယ်။ ဟောဒီက ဆံပင်အရှည်နဲ့ မမက ဆိုယွန်း၊ ဟိုဘက်က ဆံပင်ကုတ်ဝဲနဲ့အစ်မက မီအွန်းတဲ့။ မောင်လေး ဒီဌာနမှာ ဘာလုပ်ရှားမှုပဲပါပါ အစ်မတို့နဲ့ဆုံရမှာဆိုတော့ နာမည်တွေမှတ်ထားသင့်တယ်။ အစ်မတို့က ဌာနရဲ့ ဂီတအသင်း၊ ပန်းချီအသင်း၊ အားကစားအသင်း၊ ရှိသမျှ အသင်းအကုန်လုံးမှာ ဥက္ကဌတွေလေ "

အစ်မဆိုယွန်းက သူ့စကားဆုံးဆုံးချင်း အစ်မမီအွန်းနှင့် ကျောချင်းကပ်ကာ နှစ်ယောက်သား လက်ပိုက်ရင်း ဟန်လုပ်ပြလာသဖြင့် Jungkookနှင့်အတူ ဘေးက နမ်ဂျွန်းပါ လိုက်ရယ်မိသည်။ တကယ်ပဲ ဒီအစ်မနှစ်ယောက်က ဌာနရဲ့ အရေးပါတဲ့လူတွေ ဖြစ်နေခဲ့သည်ပင်။

" ဟုတ်ကဲ့ ကျွန်တော် နောက်မမှားစေရပါဘူး အစ်မ။ ပြီးတော့လေ ကျွန်တော် အစ်မတို့ပြောထားတဲ့ အစီအစဥ်ကို လက်ခံပါတယ်။ ကျွန်တော် တစ်ယောက်သောသူကို သဝန်တိုစေချင်လို့ "

Jungkookစကားကြောင့် စီနီယာအစ်မနှစ်ယောက် Wow ဟူသောအကြည့်ဖြင့် အံ့သြဟန်ပြပြီး မျက်နှာတွေက မချိုမချဥ်ပြုံးနေကြသည်။ ဘာပဲဖြစ်ဖြစ် University Campusတစ်ခုလုံးရဲ့ Kingက ကိုယ့်ဌာနကလူဖြစ်ဖို့သာ သူတို့အဓိက။ ပိုင်ရှင်ရှိတာ မရှိတာကတော့ သူ့ကိစ္စပေါ့။

" စိတ်သာချ မောင်လေးရေ။ တစ်ကျောင်းလုံးရဲ့ Kingဖြစ်သွားလို့ကတော့ မောင်လေးနားကပ်ချင်တဲ့ ကောင်မလေးတွေက တောင်လိုပုံနေမှာ။ ကောင်မလေးတွေ မောင်လေးနားဝိုင်းနေရင် မောင်လေး သဝန်တိုစေချင်တဲ့ တစ်ယောက်သောသူက အရမ်းတွေအူတိုနေမှာ မြင်ယောင်သေးတယ် "

Love Scenario (KookV/Completed) Where stories live. Discover now