EPISODE - 24

1.2K 165 16
                                    


EPISODE - 24 (Unicode)

အချိန်က ညကိုးရီထိုးတော့မည်။ ဂျောင်ဂု အိမ်ပြန်ရောက်ကတည်းက ထယ်ယောင်းကို မတွေ့ရသေးသလို ဒီအချိန်ကြီးထိလည်း ပြန်မရောက်သေးသဖြင့် စိတ်ပူပြီး ထမင်းမစားနိုင်သေး။သွားသည့်နေရာကလည်း မိန်းကလေးနှစ်ယောက်နှင့်အတူ အရက် Barဆီမို့ ပိုပြီးစိတ်ပူရသည်။

ပြဿနာ တစ်စုံတရာဖြစ်လာလျှင် ထယ်ယောင်း သူ့ကိုယ်သူ ကာကွယ်နိုင်မည်မဟုတ်သလို အတူသွားသည့် မိန်းကလေးနှစ်ယောက်ကိုလည်း ကူညီပေးနိုင်မည်မဟုတ်။ လုံခြုံရေးတွေ ရောက်မလာသေးခင် တစ်ဖက်က ထယ်ယောင်းကို လက်ဦးမှုယူကာ ရိုက်နှက်သွားလျှင် ခက်ချေတော့မည်။

ဒါက အဆိုးဆုံးဖြစ်နိုင်သည်ကို ဂျောင်ဂု တွေးပူနေမိခြင်း။ တစ်ခါမှ သွားဖူးပုံမရသော အရက်ဘားလိုနေရာမျိုးမှာ ထယ်ယောင်းကို သူမပါဘဲ တစ်နာရီလေးတောင် စိတ်မချနိုင်။ မတွေးကောင်း တွေးကောင်း ကောင်မလေးနှစ်ယောက်လည်း ထယ်ယောင်းကို မကောင်းကြံချင် ကြံနိုင်သေးသည်။

သူချစ်ရသော ထယ်ထယ်က မထိရက်မကိုင်ရက်လောက်အောင် မြတ်နိုးရသူမို့၊ သူ့အတွက် ကမ္ဘာပေါ်မှာ အလှဆုံးဟုသတ်မှတ်ထားသူမို့ သူကလွဲပြီး ဘယ်သူ့လက်ထဲမှာမှ ထယ်ယောင်းကို စိတ်မချထားနိုင်။ အတ္တကြီးလွန်းသည် ထင်ချင်ထင်ပါစေ။ ထယ်ယောင်းအတွက်ဆို မိန်းကလေးနှစ်ယောက်ကိုလည်း သူမယုံကြည်ရဲ။

အရဲစွန့်ပြီး ဖုန်းဆက်ဖို့ကြိုးစားပြန်တော့ Students from Engineering pageမှာ King,Queen selection ပုံများတင်ထားပြီဖြစ်၍ သူနှင့်နာဘီတို့ပုံများကို ထယ်ယောင်း တွေ့ပြီးနေလောက်ပြီဟု ယူဆကာ အခြေအနေကို မှန်းဆမရနိုင်ခြင်းကြောင့် ဖုန်းဆက်ဖို့ တွန့်ဆုတ်နေမိသည်။

ဓာတ်ပုံဆရာက တစ်ရက်လုံးလုံးအချိန်ပေးကာ သေချာပြင်ဆင်ပေးထားသည်မို့ Pageက တင်ထားသည့်ပုံများမှာ လှပပြီး အသက်ဝင်လွန်းနေ၏။ အထူးသဖြင့် သူနှင့် ဟန်နာဘီတို့၏ Romaticဆန်ဆန် ဓာတ်ပုံလေးက အလင်းအမှောင်၊ အရောင်ညီညွတ်မှုကောင်းကာ ပိုအသက်ဝင်နေသည်မို့ ထယ်ယောင်း သဝန်တိုမှာ လုံးဝသေချာသည်။

Love Scenario (KookV/Completed) Where stories live. Discover now