EPISODE - 9

1.6K 205 38
                                    


EPISODE - 9 (Unicode)

ထယ်ယောင်း ငိုကြွေးခဲ့သည်က အချိန်ဆယ်မိနစ်မျှကြာသွားခဲ့သည်။ သူအငိုရပ်သည်အထိ Jungkookက သူ့ဘေးမှာ အရိပ်တကြည့်ကြည့် ရှိနေပေးခဲ့သည်။ ထယ်ယောင်း သူ့မျက်ရည်တွေကိုသုတ်လိုက်ပြီး Jungkookဘက် စောင်းငဲ့ကြည့်လိုက်တော့ ဂရုဏာသက်သောအကြည့်တို့ဖြင့် သူ့ကိုကြည့်နေရှာတဲ့ Jungkook မျက်ဝန်းတွေက မျက်ရည်စို့လျှက်သား။

" ငါမင်းကိုပြောခဲ့တာတွေ လွန်သွားခဲ့ရင် ငါတောင်းပန်ပါတယ်။ ဒါပေမဲ့ ငါမင်းကို အကြောင်းမဲ့ မယုံကြည်ဖြစ်နေတာ မဟုတ်ဘူးဆိုတာ မင်းကိုသိစေချင်တယ်။ ငါ့ကို နားလည်ပေးပါ Jungkook "

ထယ်ယောင်းဆီက သနားစဖွယ်အကြည့်နဲ့ အသံတိုးလျစွာပြောလာသော စကား။ အစကတည်းက အရာရာကို နားလည်ပေးထားသည်မို့ Jungkook သူ့ကိုစိတ်မဆိုးရက်။ ထို့ထက်မက မမြင်ရသော ရင်တွင်းမှဒဏ်ရာကြောင့် နာကျင်နေရသော ထယ်ယောင်းကို သနားစိတ်တောင် ဝင်မိသည်။ ထယ်ယောင်းရင်ထဲ ပေါ့ပါးသွားစေမည်ဆိုလျှင် သူ့ကို ဘယ်လောက်ရင့်သီးစွာပြောပြော သူကျေနပ်သည်။

" ငါ့ပုံစံက မင်းကိုစိတ်ဆိုးနေတဲ့ပုံ ပေါက်နေလို့လား ထယ်ထယ်။ ငါလေ မင်းငိုနေတုန်းက မင်းရင်ထဲ ဘယ်လောက်တောင် နာကျင်နေရလဲ ငါစဉ်းစားကြည့်မိတယ်။ ဒါပေမဲ့ ကိုယ်တိုင်ခံစားရတဲ့မင်းက ငါတွေးမိတာထက် ပိုနာကျင်ရမယ်ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် ငါမင်းကိုနားလည်တယ် ထယ်ထယ် "

Jungkookလေသံက အေးအေးဆေးဆေးနိုင်လှသည်။ ပါးလျှသောအပြုံးလေးတစ်ချက် ယှက်သန်းသွားသော သူ့မျက်နှာက ထယ်ယောင်းစိတ်ကိုလည်း သက်သာရာရစေ၏။ အခုတော့ ထယ်ယောင်းတစ်ယောက် ပုံမှန်အခြေအနေ ပြန်ဖြစ်နေလေပြီ။

" ငယ်ငယ်က မင်းငါ့အပေါ် ကောင်းပေးခဲ့တာတွေ ငါမမေ့ပါဘူး။ ငါ့စိတ်ကိုဖုံးလွှမ်းနေတဲ့ အတိတ်ရဲ့အရိပ်တွေကြောင့်သာမဟုတ်ရင် ငါမင်းကို ယုံကြည်မှုထားမိမှာပါ။ ယောက်ျားတစ်ယောက်မကောင်းတာနဲ့ ယောက်ျားတွေအကုန်လုံးကို ငါမမုန်းခဲ့ဘူး။ ဒါပေမဲ့ ငါ ယောက်ျားတွေကို သိပ်ကြောက်သွားတယ်။ ငါ့အပေါ်မကောင်းခဲ့တဲ့ ယောက်ျားတစ်ယောက်ကြောင့် ငါ့စိတ်တွေ ဒဏ်ရာရကုန်တယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့်ပဲ ငါမင်းကို ဒီလိုတွေဆက်ဆံနေမိတာ "

Love Scenario (KookV/Completed) Where stories live. Discover now