EPISODE - 18

1.1K 162 6
                                    

EPISODE - 18 (Unicode)

မီးထိန်ထိန်လင်းနေသော ကော်ဖီဆိုင်လေးတစ်ခု။ ဆိုင်ဖွင့်ထားသည်ဆိုသော်ငြားလည်း ကော်ဖီဆိုင်အလယ်မှ စားပွဲတစ်လုံးမှလွဲ၍ အခြားစားပွဲမရှိသည်က အနည်းငယ် ထူးဆန်းနေသည်။ ကော်ဖီဆိုင်ထဲရှိ တစ်ခုတည်းသောစားပွဲပေါ်တွင် ပန်းစီးလှလှတစ်စီး၊ လက်စွပ်ဘူးတစ်ဘူးသာရှိပြီး ထိုစားပွဲဝိုင်းတွင် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်တူသော လူငယ်တစ်ယောက်ရှိနေသည်။

သိပ်မကြာပါ ထိုလူငယ်လေးရှိနေသည့်် ကော်ဖီဆိုင်ထဲသို့ အခြား လူငယ်ကောင်လေးတစ်ယောက် မှန်တံခါးတွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ ဆိုင်အဝင်ဝမှ ဆိုင်အလယ်က စားပွဲအထိ ပန်းခင်းလမ်းလေး ခင်းပေးထားသည်ကိုမြင်တော့ ဆိုင်ထဲဝင်လာသော ကောင်လေးက အလွန်အမင်း အံ့သြသွားဟန်ဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဆိုင်ထဲမှာလည်း အခြား လူသူအရိပ်အ​ယောင် မမြင်ရသဖြင့် ထူးဆန်းနေသလိုလည်း ခံစားရသည်။ ပန်းခင်းလမ်း၏ ဘေးတစ်ဖက်စီတွင် အလေးဖြင့်ဆွဲထားသော အနီရောင် အသည်းပုံ မိုးပျံပူဖောင်းလေးတွေကြောင့်လည်း သူပဟေဠိဖြစ်နေ၏။သူ့ကိုစားပွဲကနေ ပြုံးလျှက်ကြည့်နေသော ကောင်လေးကိုလည်း သူက အံ့သြသလိုကြည့်ရင်း စားပွဲဆီ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။

" နမ်ဂျွန်း ဒါတွေက ဘာအတွက်လုပ်ထားတာလဲ။ မင်းမှာ ထူးထူးခြားခြား ကိစ္စတစ်ခုရှိနေလို့ ဒီလိုတွေလုပ်ထားတာလား။ ဆိုင်ထဲမှာလည်း အခြားသူတွေ မတွေ့ရသလိုပဲ "

ထယ်ယောင်း အမေးကို နမ်ဂျွန်း ပြန်မဖြေ။ ပြုံးရုံသာပြုံးပြပြီး ကော်ဖီဖျော်သည့်နေရာဆီသွားကာ ကော်ဖီနှစ်ခွက်ကို ကိုယ်တိုင်ဖျော်ယူနေသည်။ ဆိုင်တစ်ဆိုင်လုံးကို ငှားထားခြင်းဖြစ်၍ ဤဆိုင်တွင် သူတို့နှစ်ယောက်မှလွဲ၍ အခြားသူမရှိ။ ကော်ဖီသောက်ချင်လျှင် ကိုယ်တိုင်ဖျော်သောက်မှ ရမည်။ ထယ်ယောင်း ကတော့ နမ်ဂျွန်း လုပ်ရပ်ကို အခုထိ နားမလည်နိုင်သေး။ စားပွဲပေါ်က ပန်းစည်းနှင့် အနီရောင်ဗူးလေးကလည်း ဘာရည်ရွယ်ချက်နဲ့ ရှိနေရသည်ကို သူနားမလည်နိုင်။

Love Scenario (KookV/Completed) Where stories live. Discover now