EPISODE - 22

1.2K 151 15
                                    


EPISODE - 22 (Unicode)

" ချစ်တာနဲ့ ကြိုက်တာ ဘယ်လိုတွေကွာလို့လဲ မီဂျင်း။ ငါ့အထင်တော့ ဒီနှစ်ခုက အတူတူပဲလေ "

မီဂျင်း သက်ပြင်းချကာ ခေါင်းခါယမ်းပြသည်။ သူ့သူငယ်ချင်း Yerinသည် လောကကြီးအကြောင်း ပိုသိရန်လိုအပ်သေးပုံပေ။ ဒီအရွယ်ကြီးထိ အချစ်ဆိုသည့်အရာကို ကွဲကွဲပြားပြား သိသေးပုံမရသဖြင့် သူကပဲ ရှင်းပြရပေတော့မည်။

" နင့်ကိုငါ ဥပမာတစ်ခုပေးမယ်။ နင်က ငယ်ငယ်လေးတည်းကစတော်ဘယ်ရီအရသာ ကိတ်မုန့်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တယ်ဆိုပါစို့။ တစ်နေ့မှာ နင်က ချောကလက်အရသာ ကိတ်မုန့်ကို တွေ့သွားမယ်။ ပုံစံကလည်း မြင်လိုက်တာနဲ့ စားချင်စရာလေးဖြစ်နေမယ်။ ဒါပေမယ့် နင်က စတော်ဘယ်ရီအရသာ အမြဲစားခဲ့တဲ့သူမို့ ချောကလက်အရသာကို စမ်းစားကြည့်ဖို့ မဝံ့မရဲဖြစ်မှာပဲ။ စားချင်စိတ်ကလည်း ရှိနေတော့ ချောကလက်ကိတ်ကို နင် မကြာမကြာ လိုက်ကြည့်နေမိမယ်။ နောက်တော့ နင် မနေနိုင်တော့ဘဲ ချောကလက်ကိတ်ကို စားကြည့်မိမယ်။ ပြီးတော့ အရမ်းကြိုက်သွားမယ်။ အရင်ကြိုက်ခဲ့တာကို မေ့သွားပြီး ချောကလက်ကိတ်မှ ချောကလက်ကိတ်ဖြစ်သွားမယ်။ ဒီအရာက လူသားတွေရဲ့ နှစ်သက်စွဲလမ်းတတ်တဲ့ သဘောပဲ "

Yerin တွေဝေငေးငိုင် သွားခဲ့သည်။ မီဂျင်းပေးသော ဥပမာကို သူ့အဖြစ်နှင့် နှိုင်းချိန်စဥ်းစားကြည့်ပါလျှင် သိသာသောအဖြေကိုရမည်။ သို့သော် သူမစဥ်းစားချင်သေး။ မီဂျင်းကိုသာ အတည်ပြုပေးစေချင်သည်။

" နင်ပြောချင်တာက ငါက ထယ်ယောင်းကို တကယ်ချစ်ခဲ့တာ မဟုတ်ဘူးပေါ့ "

" ဟုတ်တယ် သူငယ်ချင်း။ ခုနက ငါ့စကားကို ပြန်ကောက်ရရင် အရသာမတူတဲ့ ကိတ်မုန့်နှစ်မျိုးက အစားအသောက်ဆိုတဲ့ ခေါင်းစဥ်အောက်က နင့်ရဲ့  နှစ်သက်စွဲလမ်းမှုပဲ။ အခြားခေါင်းစဥ်တွေအောက်မှာလည်း နင် နှစ်သက်တဲ့အရာတွေ ရှိမှာပဲ။ ဒါပေမယ့် နင်နှစ်သက်တဲ့အရာတွေက တစ်ချိန်မဟုတ်တစ်ချိန် ပြောင်းလဲနေမှာ။ ထယ်ယောင်းကလည်း နင်နစ်သက်တဲ့အရာတွေထဲက မတူညီတဲ့ အမျိုးအစားတစ်ခုပဲ။ ရှင်းအောင်ပြောရရင် သူက နင်သဘောကျရတဲ့ Favourite person တစ်ယောက် ဖြစ်ခဲ့ရုံပဲ။ သူ့ရဲ့ပုံစံတွေ အနေအထိုင် အပြောအဆိုတွေက နင့်အတွက် သဘောကျစရာ ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် ဒါကို အချစ်လို့ ခေါ်လို့မရဘူး။ နင်ကြိုက်တဲ့ ကိတ်မုန့်အရသာလိုမျိုး အရသာသစ်ကို ပြောင်းကြိုက်နိုင်သေးတယ်။ နင့်မှာ ထယ်ယောင်းလိုမျိုး နင်သဘောကျရတဲ့ နောက်ထပ် Favourite person ထပ်ရှိချင် ရှိလာနိုင်သေးတယ် "

Love Scenario (KookV/Completed) Where stories live. Discover now