EPISODE - 23

1.1K 159 24
                                    


EPISODE - 23 (Unicode)

နောက်တစ်နေ့ မနက်ဆယ်နာရီခန့်။ အတန်းထဲစာသင်နေရင်း line appမှ စာတစ်စောင်ဝင်လာသဖြင့် ထယ်ယောင်း သူ့ဖုန်းမျက်နှာပြင်ကို မသိမသာလှမ်းကြည့်မိသည်။ Yerinဆီမှ ပို့လာခြင်းဖြစ်ပြီး ဤစာလေးတစ်ကြောင်းက သူ့ကို ဇဝေဇဝါဖြစ်စေသည်။

" ထယ်ယောင်းရေ လက်ဆောင်အတွက် ကျေးဇူးပဲနော် "

စာနှင့်တွဲလျှက် ဓာတ်ပုံတစ်ပုံပါ ထပ်ပို့ထားပြီး ပုံထဲမှာတော့ လက်ဆောင်ဘူးလေးကိုင်ထားသော Yerin၏လက်။ သူမပေးသော လက်ဆောင်အတွက် Yerin ကျေးဇူးတင်စကား လာပြောသည်က အနည်းငယ်ထူးဆန်းနေသည်။

စိတ်အာရုံထွေပြားကုန်သဖြင့် ဆရာ စာရှင်းပြနေသည်ကိုလည်း အာရုံရလိုက် မရလိုက်ဖြစ်နေသည်။ မျက်မှောင်ကြီးကြုံ့လျက် အတွေးတို့ဖြင့် ငြိမ်သက်နေခဲ့သောသူ့ကို ဘေးထိုင်ခုံမှ ဆော့ဂျင်ကလည်း မသိမသာ အကဲခတ်ကြည့်နေသည်။

ဝေခွဲမရဟန်ဖြင့် ဇဝေဇဝါဖြစ်နေသော ထယ်ယောင်း မျက်ဝန်းများကို မြင်နေရသည်မို့ ဆော့ဂျင် ကျေနပ်စွာဖြင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ ထယ်ယောင်း သတိမထားမိချိန် ဆော့ဂျင် ဖုန်းကောက်ကိုင်လိုက်ရင်း chat listထဲက တစ်စုံတစ်ယောက်ဆီ စာလှမ်းပို့လိုက်သည်။

" အစီအစဥ် ပထမအဆင့် အောင်မြင်တယ် အစ်ကို။ နောက်တစ်ဆင့် ထပ်လုပ်လို့ရပြီ "

ဆော့ဂျင် စာလှမ်းပို့ပြီး မိနစ်ပိုင်းလောက်အကြာ ထယ်​ယောင်းဖုန်းထဲ unknown contactမှ စာတစ်စောင်ဝင်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ ထယ်ယောင်းတို့ အံ့သြထိတ်လန့်မှုဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရ၏။

" ဒီနေ့ကစပြီး မင်းကောင်မလေးကို ငါမရရအောင် လုတော့မယ်။ မင်းအရှက်ရှိရင် အခုအချိန်ကစပြီး Yerinနား မကပ်နဲ့တော့။ မင်းဘာဆိုတာ ငါသိထားတယ် အခြောက်ကောင်။ မိန်းကလေးတစ်ယောက်ကို coverတွဲနေတာ ရပ်တန်းကရပ်သင့်ပြီ "

သူမှားတာ သူသိသော်လည်း အကြောကြီးဖြင့် လာသတိပေးနေသူကြောင့် ထယ်ယောင်း ဒေါသဖြစ်မိသည်။ ရုပ်လုံးလည်းမပြဘဲ ခိုးကြောင်ခိုးဝှက် စာပို့ခြိမ်းခြောက်သည်က သတ္တိနည်းလွန်းရာကျသည်။ အကျိုးမရှိသော ဒီလိုအလုပ်မျိုး ဘယ်သူကများ လုပ်ရဲရပါသနည်း။

Love Scenario (KookV/Completed) Where stories live. Discover now