EPISODE - 15

1.3K 180 50
                                    

EPISODE - 15 (Unicode)

တက္ကသိုလ် ကားပါကင်..။ ထယ်ယောင်း တိုက်ခန်းပြန်ချင်သည်ဆိုကာ ဖုန်းဆက်လာသဖြင့် Jungkook ကားပေါ် လာထိုင်စောင့်နေခြင်းဖြစ်သည်။ ဒီနေ့က ကျောင်းသားတွေအတွက် ပျော်ရွှင်ရသောနေမို့ အတန်းထဲမှာလည်း လူမရှိသဖြင့် ထယ်ယောင်းနဲ့အတူ သူလည်း တစ်ခါတည်း ပြန်လိုက်တော့မည် စိတ်ကူးထားသည်။ ဆော့ဂျင်က နမ်ဂျွန်းနှင့် အတူရှိနေသဖြင့် သူ့အတွက်က ပူစရာမရှိ။ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း ကျောင်းမှာဆက်နေချင်လည်း နေကြမပေါ့။

Jungkook ကားပေါ်ရောက်ပြီး သိပ်မကြာခင် ထယ်ယောင်း ကားတံခါးဆွဲဖွင့်ရင်း ကားပေါ်တက်လာသည်။ ထယ်ယောင်း မျက်နှာသိပ်မကောင်းတာမြင်တော့ Jungkookစိတ်ထဲ ပူပန်မိသော်လည်း မေးဖို့က မဝံ့မရဲ။ စိတ်မရှည်ဘဲ ထဆဲနေမှဖြင့် ထယ်ယောင်း အလှပျက်နေမည်။ ဒီလို ချောမောပြီး ချစ်စရာကောင်းသည့် ထယ်ယောင်း၏ နှုတ်ခမ်းဖျားမှ ကြမ်းတမ်းသည့်စကားလုံးတို့ ထပ်မထွက်စေလိုတော့သည်မှာ သူ့ဆန္ဒအမှန်ပင်။

" ကားတံခါးကို သေမလို့ လော့မချထားတာလား။ ကားပါကင်က လူမြင်ကွင်းမှာမို့လို့ပေါ့။ လူပြတ်တဲ့နေရာသာဆို လူဆိုးတွေ ကားတံခါးလွယ်လွယ်ဖွင့်ဝင်ပြီး မင်းကို တက်လုပ်သွားလိမ့်မယ် "

Jungkook ဆန္ဒမပြည့်လိုက်ရ။ ထယ်ယောင်းဆီက စကားကြမ်းကြမ်းတွေ ကြားလိုက်ရပြန်သဖြင့် Jungkook အတွေးတွေပျက်ပြယ်ကုန်သည်။ သို့သော် အခုပြောသောစကားက သူ့အတွက် စိုးရိမ်ပြီးပြောသည်ဖြစ်၍ ဝမ်းသာရမလိုလိုရှိသည်။ စကားလုံးတွေသာ ကြမ်းတမ်းမနေခဲ့လျှင် သူအပြည့်အဝပျော်မိလိမ့်မည် ထင်သည်။

" ထယ်ထယ် မင်းစိတ်ညစ်နေတာလား။ ငါ့ကို စကားပြောတာ အရမ်းကြမ်းတမ်းနေတယ်။ ငါမင်းကို စိတ်ဆိုးအောင် ဘာတွေလုပ်မိထားလို့လဲ။ မနက်က ငါမင်းကိုစလိုက်မိတာ အခုထိ စိတ်မပြေသေးလို့လား။ ဒါဆိုလည်း... "

ထယ်ယောင်း ဘာတွေဖြစ်ပျက်ခဲ့လဲ သူသေချာမသိ။ သူ့ကြောင့်သာဖြစ်ခဲ့လျှင် ဟူသော သဘောဖြင့် ဒီလိုဖွင့်မေးလိုက်ခြင်းသာ။ အကယ်၍ ထယ်ယောင်း စိတ်ညစ်နေရသည်က သူ့ကြောင့်ဖြစ်နေလျှင် ထိုးလိုကထိုးနိုင်ရန် မျက်နှာကိုပါ ထယ်ယောင်းဘက် တိုးပေးလိုက်သည်။

Love Scenario (KookV/Completed) Where stories live. Discover now