EPISODE - 11

1.4K 195 59
                                    

EPISODE - 11 (Unicode )

ပြိုင်ဘက်ကိုအနိုင်ယူနိုင်ဖို့ဆို ပြိုင်ဘက်၏အားနည်းချက်ကို ကိုယ်ကကြိုသိထားဖို့လိုသည်။ ပြုင်ဘက်ရဲ့အားနည်းချက်ကို သိနိုင်ဖို့ကလည်း ပြိုင်ဘက်ရဲ့အနီးဆုံးမှာနေပြီး အားနည်းချက်ကို ရှာဖွေတတ်ဖို့လိုသည်။ ရန်သူရဲ့အားနည်းချက်ကို အသုံးချ ကိုယ့်အားသာချက်ကို မြင်သာအောင်ဖော်ပြပြီး နှလုံးသားစစ်ပွဲကို ဆင်နွှဲချိန်ရောက်လာခဲ့ပြီ။

အချစ်နဲ့စစ်မှာ မတရားတာမရှိ။ နမ်ဂျွန်းနှလုံးသားကို အပိုင်ရနိုင်ဖို့ဆို ဆော့ဂျင်က ဘယ်အရာကိုမဆို ရင်ဆိုင်ကျော်ဖြတ်သွားဖို့ အဆင်သင့်ရှိသည်။ နမ်ဂျွန်း ရင်ထဲက ထယ်ယောင်းကိုထုတ်ပစ်နိုင်ဖို့ဆို ဘာပဲလုပ်ရလုပ်ရ သူလုပ်နိုင်သည်။ သို့သော် သူ့မှာ မကောင်းသောအကြံမရှိ။ ပါးပါးလေးပုတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ရန်သာ သူ့မှာအကြံရှိထားသည်။

ပထမအဆင့် စစ်ဆင်ရေးက ထယ်ယောင်းနှင့်အနီးကပ်နေပြီး ထယ်ယောင်းနဲ့ နမ်ဂျွန်းကြားက ပြဿနာကို သူသိ​ေအာင်လုပ်ရမည်။ သိပြီးလျှင် အခြေအနေအရ ဆက်လှုပ်ရှားမည်။ လောလောဆယ်တော့ ထယ်ယောင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ သူကြိုးစားရမည်။

အခန်းချင်းကပ်လျှက်မို့ ဆော့ဂျင် ဒါကိုအကြောင်းပြပြီး ထယ်ယောင်းတို့ကို ချဥ်းကပ်ဖို့ စီစဥ်သည်။ မိတ်ဆက်လက်ဆောင်အနေဖြင့် လက်ထဲမှာလည်း သရေစာမုန့်တွေ အိတ်လိုက်ဆွဲထားသည်။ စိတ်အဆင်သင့်ဖြစ်အောင် အသက်ကိုဝဝရှူပြီးမှ အချက်ပြဘဲလ်ကို သူနှိပ်လိုက်သည်။

" ဟင်... ငါတို့အခန်းကို ဘယ်သူလာလည်တာလဲ။ မနက်ကတွေ့ခဲ့တဲ့ နမ်ဂျွန်းဆိုရင် တံခါးမဖွင့်ပေးနဲ့နော်။ မင်းသွားကြည့်လိုက် Jungkook "

သူတို့ဆီ ဘယ်သူဘယ်ဝါလာလည်သလဲ မသိရသေးခင် ထယ်ယောင်း စိတ်တွေလှုပ်ရှားနေသည်။ Jungkookကလည်း အပြည့်အဝမယုံရသဖြင့် နမ်ဂျွန်းဆိုတာ သိသိကြီးနဲ့ အခန်းထဲဝင်ခိုင်းလျှင် ခက်ချေဦးမည်။ လိုရမယ်ရ အိပခန်းထဲဝင်ပြီး တံခါးလော့ခ်ချထားရမလားဟူ၍ပင် သူတွေးမိသေးသည်။ သို့သော် သူအတတ်နိုင်ဆုံး စိတ်ကိုပြန်လျော့လိုက်သည်။ နမ်ဂျွန်း ဒီလောက်အထိတေဒီလောက်အထိတော့ အရှက်မရှိ လာရဲမည်မထင်။

Love Scenario (KookV/Completed) Where stories live. Discover now