EPISODE - 29

1.4K 177 54
                                    


EPISODE - 29 (Unicode)

ညနေကျောင်းချိန်တွေအပြီးမှာတော့ ထယ်ယောင်းတစ်ယောက် ဂျောင်ဂု လေ့ကျင့်ရေးလုပ်ရာ ခန်းမဆီ ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့သည်။ ဆော့ဂျင်ကတော့ အတန်းတောင်လာမတက်တာမို့ ခန်းမဆီ ကြိုရောက်နေပြီများလားဟု သူ့စိတ်က တွေးထင်မိသည်။ သို့သော် ဒီအတိုင်းသွားလိုက်လို့ မရသေး။

ဆော့ဂျင်တောင် ဂျောင်ဂုဆီသွားရင် မုန့်တွေအအေးတွေ ဝယ်သွားသေးတာ ငါလည်း လက်ဗလာနဲ့သွားဖို့ မသင့်ဘူး။ ဂျောင်ဂုသာ ငါ့ကိုချစ်သေးရင် ငါဝယ်လာတဲ့ မုန့်ကိုပဲ သူစားမှာပါ။

မျှော်လင့်ချက်ရှိသေးသော ထယ်ယောင်းက ဌာနအဆောင်နားက မုန့်ဆိုင်လေးမှာ ဂျောင်ဂုအတွက် မုန့်နှင့်အအေးတစ်ဘူး သွားဝယ်လိုက်ပြီး ဂျောင်ဂုရှိရာဆီ စိတ်လှုပ်ရှားခြင်းများစွာဖြင့် ခြေလှမ်းခပ်မြန်မြန် လျှောက်လာခဲ့သည်။

ဆော့ဂျင်နှင့် ဂျောင်ဂုကို နီးနီးကပ်ကပ်မြင်ရလျှင် သူ့စိတ်ထိန်းနိုင်ဖို့ ဆုတောင်းရပြန်သည်။ ဒေါသရှေ့ထားပြီး အ​မှား​လုပ်မိလျှင် သူနဲ့ဂျောင်ဂုတို့ ပိုဝေးကွာသွားနိုင်သည်။ ပိုဆိုးသည်က ဌာနက ကျောင်းသားတွေရှေ့မှာ သူ့ပုံရိပ်ကျဆင်းနိုင်သည်။

လေ့ကျင့်ရေးလုပ်ရာ ခန်းမရှေ့ရောက်တော့ ထယ်ယောင်းလည်း အထဲကိုချောင်းမကြည့်တော့ဘဲ တံခါးတွန်းဖွင့်ပြီး ခန်းမထဲတန်းဝင်လာခဲ့သည်။ သူထင်ထားသည့်အတိုင်း ဆော့ဂျင်က အရင်ရောက်နှင့်နေကာ ဂျောင်ဂုလက်ထဲ စားစရာတွေပေးပြီးနေလေပြီ။

မင်း စိတ်တိုသွားလို့ မဖြစ်ဘူး။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းထားရမယ်။ စိတ်တိုမိရင် ပြဿနာက ပိုရှုပ်သွားလိမ့်မယ်။ ဆော့ဂျင်နဲ့လည်း မကြာခင် ထပ်တွေ့ပြီး ငြိမ်းချမ်းရေးယူရမှာမို့  ပြဿနာဖြစ်လို့ကို မရဘူးနော်။

ထယ်ယောင်း သူ့ကိုယ်သူ အကြိမ်ကြိမ်သတိပေးရင်း ဂျောင်ဂုရှိရာဆီ ခြေလှန်းမှန်မှန်လျှောက်လာခဲ့သည်။ ဂျောင်ဂုကတော့ ထူးထူးဆန်းဆန်း ထယ်ယောင်းကို မြင်လိုက်ရ၍ တစ်ခုခုထူးပြီဆိုတာ တန်းသိလိုက်သည်။ သို့သော်လည်း သရုပ်ဆောင်တာကိုတော့ ဆက်လုပ်ရဦးမည်။

Love Scenario (KookV/Completed) Where stories live. Discover now