EPISODE - 5

2K 229 19
                                    

EPISODE - 5 (Unicode)

Yerinနှင့်တွေ့ပြီး ပြန်အလာ နမ်ဂျွန်း စိတ်ပေါက်ပေါက်ဖြင့် ဆိုင်ကယ်ပတ်စီးရင်း ဦးတည်ချက်မရှိ လေလွင့်နေမိသည်။ စိတ်ကျေနပ်လောက်အောင် ဆိုင်ကယ်ပတ်စီးပြီးနောက် Supermarket တစ်ခုရှေ့ ဆိုင်ကယ်ကိုရပ်တန့်ရင်း ဆိုဂျူဝယ်ရန် အထဲဝင်လာခဲ့သည်။ ဒီညတော့ ဆိုဂျူကိုမူးအောင်သောက်ပြီး အသည်းကွဲဒဏ်ရာကို ကုစားရလိမ့်မည်။

Supermarketထဲဝင်ဝင်ချင်း သူအရင်သွားလိုက်သည်က အရက်မျိုးစုံ တန်းစီထားရာဆီသို့။ စဝင်လာကတည်းက ယူလာခဲ့သော လက်ဆွဲခြင်းထဲသို့ ဆိုဂျူငါးပုလင်းခန့်ထည့်လိုက်ပြီး လိုရမယ်ရ ဘီယာသုံးဘူးပါ ထပ်ထည့်လိုက်သည်။ ဒီညအတွက် ရိက္ခာလုံလောက်ပြီဖြစ်၍ ငွေရှင်းကောင်တာဆီ ငွေရှင်းရန်ထွက်လာခဲ့သည်။

" ညီမရေ ဒါလေးတွက်ပေးပါ "

Cashierကောင်မလေးက ဆိုဂျူပုလင်းနှင့် ဘီယာဘူးကို Scanဖတ်ပြီး လက်ကဟိုနှိပ်ဒီနှိပ်ဖြင့် ကျသင့်ငွေကိုတွက်လိုက်သည်။ ထိုအချိန်အတွင်း နမ်ဂျွန်းတစ်ယောက် ဟိုနှိုက်သည်နှိုက်ဖြင့် ပိုက်ဆံအိတ်ရှာနေဆဲ။

" အားလုံးပေါင်း ဝမ် ၃၂၀၀၀ ကျပါတယ် "

ပိုက်ဆံအိတ် ရှာမတွေ့သေးသဖြင့် Cashierကောင်မလေးကို နမ်ဂျွန်း စပ်ဖြီးဖြီးလုပ်ပြရင်း ပိုက်ဆံအိတ်ဆက်ရှာနေသည်။ ပိုက်ဆံအိတ်ရှာရင်း ကို့ရို့ကားယားဖြစ်နေသည့် သူ့အဖြစ်ကိုကြည့်ရင်း ဖြတ်သွားဖြတ်လာများက မျက်နှာပြုံးစိစိဖြင့် လှည့်ကြည့်သွားကြသည်။ ခန္ဓာကိုယ်အနှံ့ ရှာပြီးသည်အထိ ပိုက်ဆံအိတ်ရှာမတွေ့သဖြင့် သေချာစဥ်းစားကြည့်တော့ စထွက်လာတည်းက ယူဖို့မေ့ခဲ့ခြင်း။

" ဟို..ဟိုလေ ညီမ အစ်ကို mobile bankingနဲ့ ငွေချေလို့ရမလား "

ဖုန်းပါလာ၍ တစ်မျိုးကောင်းသည်ဟုတွေးကာ
ငွေရှင်းကောင်တာမှ ကောင်မလေးကိုမျက်နှာချိုသွေးလျှက် ခပ်တည်တည်ဖြင့် ဖုန်းကိုထုတ်လိုက်သည်။ Cashierမလေးက ကောင်တာမှာကပ်ထားသည့် QR codeကိုညွှန်ပြရင်း scanဖတ်ရန်ပြောလာသဖြင့် mobile banking appထဲဝင်ကာ QR codeကို scanစဖတ်လိုက်သည်။

" shit! ဖုန်းပါဝါပိတ်သွားပြီ။ အား...ငါရူးချင်တယ် "

Scanဖတ်၍မပြီးသေးခင်မှာပင် ဖုန်းအားကုန်ကာ စက်ပိတ်သွားခဲ့သည်။ သူတစ်ယောက်တည်းနှင့် အချိန်ကြာနေသဖြင့် Cashierမလေးမျက်နှာက ပြုံးနေရာမှ တဖြည်းဖြည်းတည်လာသည်။ အနောက်မှာလည်း တန်းစီသူတစ်ယောက်နှစ်ယောက်က မကြည်သောအကြည့်များဖြင့်။ သားသားနားနား ရုပ်ဖြောင့်သောသူတစ်ယောက်က ငွေမရှင်းနိုင်ဘဲ စျေးလာဝယ်နေသည်မှာ ကြုံတောင့်ကြုံခဲ။

Love Scenario (KookV/Completed) Where stories live. Discover now