မီဂျင်း ရှင်းလင်းပြသော သီအိုရီက လွယ်ကူရှင်းလင်းသည်။ သို့သော် Yerinက သူ့ကိုယ်သူ မဝေခွဲနိုင်သေး။ လူတစ်ယောက်ကို သဘောကျမိရာက နောက်တစ်ဆင့်တက်ရင်း ချစ်သွားနိုင်သေးသည်ဟု သူတွေးနေမိသည်။

" ဒါပေမယ့် မီဂျင်းရယ် ကြိုက်နှစ်သက်မှုကနေ တစ်ဆင့်တက်ပြီး ချစ်မိသွားတာရော မဖြစ်နိုင်ဘူးလား။ ငါထယ်ယောင်းကို မချစ်ဘူးဆိုတာ တွေးကြည့်လို့ကို မရဘူး "

Yerinစကားကြောင့် မီဂျင်း အဓိပ္ပါယ်မဲ့စွာ ရယ်လိုက်မိသည်။ သူ့သူငယ်ချင်းက အစစအရာအရာ တော်ပြီး ထက်မြက်သလောက် အချစ်ရေးမှာတော့ မူကြိုကလေးသာသာပင်။

" နင် ထယ်ယောင်းကို မချစ်ဘူးလို့ ငါမပြောမိပါဘူး။ ဥပမာတစ်ခု ထပ်ပေးရရင် နင့်အဖေက နင့်မွေးနေ့မှာ ဆွဲကြိုးလေးတစ်ကုံး လက်ဆောင်ပေးတယ် ဆိုပါစို့။ နင်ကလည်း အဲ့ဒီဆွဲကြိုးလေးကို အရမ်းသဘောကျတယ်။ အဖေပေးတဲ့ ပစ္စည်းမို့ ​အမြတ်တနိုးနဲ့ တန်ဖိုးလည်းထားတယ်။ အဲ့လိုဆို အဲ့ဒီဆွဲကြိုးကို နင့်ရည်းစားလို့ နင်သတ်မှတ်မလား။ ထယ်ယောင်းက သူ့မှာ ထူးခြားတဲ့ ကိုယ်ပိုင်ပုံစံရှိတယ်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်နေတဲ့ သူမျိုးမို့ နင်သဘောကျမိတာ ငါမအံ့သြဘူး။ ဒါပေမယ့် ဒီလောက်လေးနဲ့တော့ အချစ်လို့ မသတ်မှတ်နိုင်သေးဘူးလေ "

မီဂျင်း စကားကို Yerin သိပ်ပြီး လက်မခံချင်သေး။ သူ့ဘဝမှာ ပထမဆုံး သဘောကျဖူးသော ယောက်ျားတစ်ယောက်ကို သူချစ်မိနေတာ မဟုတ်ဘူးဆိုလျှင် အခြားအကြောင်းပြစရာ ရှိပါဦးမလား။

" ဒါပေမယ့်... "

Jeep! Jeep!

အိပ်ရာပေါ်မှ ဖုန်းမြည်သံကြောင့် Yerin သူ့စကားကို ခဏရပ်ကာ ဖုန်းကိုယူကြည့်သည်။ ထယ်ယောင်း ဆက်လာသော ဖုန်းဖြစ်ကြောင်းသိတော့ ချက်ချင်း ဖုန်းပြန်ဖြေလိုက်၏။

" Hello "

" Hello Yerinလား "

တစ်ဘက်က ထယ်ယောင်း၏ စကားသံ။ ကြားကြားချင်း ရင်ထဲနွေးသွားသော ခံစားချက်။ ပြီးတော့ ​ရင်ထဲကလှိုက်တက်လာသော ပျော်ရွှင်မှု။ ဒီအရာတွေကို ထည့်စဥ်းစားကြည့်လျှင် သူထယ်​ယောင်းကို ချစ်နေကြောင်း သိနိုင်သည် မဟုတ်လား။

Love Scenario (KookV/Completed) Where stories live. Discover now