အစ်မနှစ်ယောက်စကားကြောင့် Jungkook သူ့အဓိပ္ပါယ်နှင့်သူ မိန့်မိန့်ကြီးပြုံးလိုက်သည်။ ဒီနည်းလမ်းက ထယ်ယောင်းရဲ့ ပုန်းကွယ်နေတဲ့ သဝန်တိုစိတ်ကို အကောင်းဆုံး တွန်းအားပေးလိမ့်မည်ထင်သည်။

" ဟုတ်ပါပြီ အစ်မတို့။ ကျွန်တော် ဘယ်နေ့စပြီး လေ့ကျင့်ရမလဲဆိုတာ onlineကနေ အချိန်မရွေးစာပို့ထားပါနော်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး "

Jungkookလည်း စီနီယာအစ်မ နှစ်ယောက်ကိုနှုတ်ဆက်ပြီး သူ့လမ်းသူဆက်လျှောက်လာသည်။ သူ့နောက်ကပါလာသော နမ်ဂျွန်းက သူ့ဘေးရောက်လာပြီး တစ်ခုခုပြောချင်ဟန်ဖြင့် သူ့မျက်နှာကြည့်လိုက် တစ်ဖက်လှည့်သွားလိုက် လုပ်နေသည်ကို Jungkook သတိပြုမိလိုက်သည်။

" နမ်ဂျွန်း မင်းငါ့ကို တစ်ခုခုပြောစရာရှိနေလို့လား "

Jungkookဒီလိုမေးလာတော့ နမ်ဂျွန်းက အံ့သြဟန်ဖြင့် သူ့ဘက်လှည့်ကြည့်သည်။ ပြီးမှ စိတ်မသက်သာစွာ သက်ပြင်းချရင်း -

" မင်းပြောတဲ့ တစ်ယောက်သောသူဆိုတာက ထယ်ယောင်းလား။ ဒါဆိုရင် ငါမင်းကို ပြောစရာလေးတွေရှိတယ် "

နမ်ဂျွန်းအမေးကို Jungkook ခေါင်းညိမ့်ပြရင်း ဟုတ်မှန်ကြောင်းပြန်ဖြေသည်။ နမ်ဂျွန်းလည်း သူ့နောက်လိုက်ခဲ့ရန်ပြောပြီး Jungkookကို ကျောင်းခေါင်မိုးထပ်ဆီ ခေါ်လာခဲ့သည်။ ဆောင်းရာသီတွင်းမို့ ခေါင်မိုးထပ်တွင်လည်း ညနေဘက် နေအပူရှိန်ကို သိပ်ပြီးမခံစားရပေ။

" ငါ့ကို ပြောစရာရှိတယ်ဆိုတာ ဘာများလဲ နမ်ဂျွန်း "

ခေါင်မိုးထပ်ရောက်ရောက်ချင်း တန်းမေးလာသော Jungkookမေးခွန်းကြောင့် နမ်ဂျွန်း သက်ပြင်းတချချလုပ်ရင်း စကားစ ရှာနေသည်။ အချိန်တန်လျှင် အမှန်တရားက ပေါ်တတ်စမြဲမို့ Jungkook အခုကတည်းက သိထားသင့်သည်ဟု နမ်ဂျွန်း ယူဆမိသည်။

" မင်းထယ်ယောင်းကို တကယ်ချစ်တာလား။ တကယ်လို့ သူ့မှာ အပြစ်အနာအဆာ တစ်ခုခုရှိခဲ့ရင်ရော သူ့ကိုဆက်ချစ်သွားနိုင်မလား "

နမ်ဂျွန်း ဒီစကားတွေပြောပြီး Jungkookကို ရီဝေစွာကြည့်လာသည်။ သူ့စကားအတွက်လည်း တစ်စုံတရာ စိုးထိတ်နေပုံရသည်။ ဘာပဲဖြစ်ဖြစ် သူအခုလုပ်တာ ထယ်ယောင်းကောင်းကျိုးအတွက်သာဖြစ်၍ သူ့လိပ်ပြာသူလုံသည်။

Love Scenario (KookV/Completed) Where stories live. Discover now