တည်းခိုခန်းပိုင်ရှင်သည် မီးအိမ်အားကြမ်းပြင်ပေါ်
ချလိုက်ရင်းဖြင့် စိတ်ကျေနပ်အောင်လုပ်တဲ့အပြုံး
တစ်ခုပြုလုပ်လိုက်၏။ ထို့နောက် ဗန်းတစ်ဗန်း
ရှိနေသည့် အခြားလက်တစ်ဖက်ကို ဆန့်ကာ
ပြောလေသည်။

"ဧည့်သည်ခင်ဗျ၊ ဒါကကျွန်တော်တို့ဆိုင်ရဲ့
အလကားပေးတဲ့ ညလယ်အဆာပြေစားစရာပါ"

ယူရှောင်းမိုပြောလိုက်သည်။

"ဟင့်အင်း ကျေးဇူးပဲ၊ ကျွန်တော်ဗိုက်မဆာဘူး။
ခင်ဗျားပြန်ယူသွားလိုက်ပါ"

သူ စားချင်သောက်ချင်တဲ့စိတ်အခြေအနေမှာမရှိပေ၊
ဆယ်ပန်းကန်အလကားပေးတောင် သူမစားချင်။

ထို့နောက် တံခါးပိတ်ဖို့ပြင်လိုက်သည်။

တည်းခိုခန်းပိုင်ရှင်က အမြန်လက်ထုတ်ပြီး
တားလိုက်သည်။ သူက ရည်မွန်သည့်အပြုံးတစ်ခုနဲ့
ပြောလေသည်။

"ဧည့်သည် အခုဗိုက်မဆာရင်တောင် ဆာတဲ့အချိန်
စားလို့ရတာပဲ။ မဟုတ်ရင် စားမယ့်သူဘယ်သူမှ
မရှိဘူးဗျ၊ အလကားဖြစ်သွားမှာ"

ယူရှောင်းမို မျက်မှောင်ကုပ်မိပေမဲ့ လင်ဗန်းကိုတော့
ယူလိုက်သည်။ တည်းခိုခန်းပိုင်ရှင်ကချက်ချင်း
ပွင့်လန်းလာတဲ့ပန်းကလေးလို ပြုံးပြီး
မီးအိမ်နှင့်အတူ ထွက်ခွာသွားတော့သည်။

အခန်းထဲပြန်ရောက်သည်နှင့် တည်းခိုခန်းပိုင်ရှင်ရဲ့
ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို ယူရှောင်းမို
နောက်ဆုံးသတိပြုမိလိုက်သည်။ ကျိကျိုးမြို့က
လူတွေက အပြင်လူတွေဆိုရှောင်တတ်ကြသည်၊
ဘာလို့ သူ့ကိုအဆာပြေမုန့်တွေ အလကားပေးမှာလဲ။

သူ့ဦးနှောက်ကြီးကရှုပ်ထွေးနေပြီး အခြား
စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စတွေကို တွေးဖို့အချိန်
သူ့မှာမရှိတာကြောင့် လင်ဗန်းကို တစ်ကိုယ်တည်း
စားပွဲပေါ်တင်ထားလိုက်တော့သည်။

ပထမထပ်ဧည့်ခန်းတွင်။

ဆိုင်အကူနှစ်ယောက်လုံးက ယောက်ျားသားများ
ဖြစ်ပြီး စားဖိုမှူးကတော့ သက်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ဦးဖြစ်လေသည်။ တည်းခိုခန်းပိုင်ရှင်
ဆင်းလာသည်ကိုတွေ့သော် သူတို့က ချက်ချင်း
သူ့နားဝန်းရံလိုက်ကြ၏။ သို့သော် သူတို့
ဘာမှမမေးရသေးခင် သူ့ရဲ့မှောင်မှိုင်းနေတဲ့
အမူအရာကိုမြင်လိုက်ရလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Opowieści tętniące życiem. Odkryj je teraz