EPISODE - 13 (Unicode)
(ဤဇာတ်လမ်းတွင်ပါဝင်သော Seoul National Universityသည် ဇာတ်လမ်းလိုအပ်ချက်အရ စိတ်ကူးယဥ်ဖန်တီးထားခြင်းဖြစ်ပြီး လက်တွေ့အခြေအနေနှင့် ကွဲပြားမှုရှိနိုင်ပါသည်)
ဆိုးလ်အမျိုးသားတက္ကသိုလ်...။ တောင်ကိုရီးယား၏ ထိပ်တန်းစာရင်းဝင် အစိုးရတက္ကသိုလ်ကြီး။ နီညိုရောင် ရှစ်ထပ်အဆောက်အဦးကြီးများကြား စိမ်းစိုစိုဥယျာဥ်ငယ်များက တက္ကသိုလ် Campus၏ ဂုဏ်ရည်တစ်ခု။ အဖြူကျောက်များ စီခင်းထားသည့် လူသွားစင်္ကြံလမ်းများထက် ကျောင်းသူကျောင်းသားတို့ သွားလာလှုပ်ရှားနေပုံက တက္ကသိုလ်ကြီး၏ပုံရိပ်ကို ပို၍အသက်ဝင်စေသည်။
ဆေးပညာဌာန အဆောက်အဦးကြီးနှင့် အင်ဂျင်နီယာဌာန အဆောက်အဦးကြီးက မျက်နှာချင်းဆိုင် အနေအထားတွင်ရှိ၍ ထိုအဆောက်အဦးနှစ်ခုကြားတွင် သစ်ပင်ကြီးငယ်တို့ဖြင့် စိမ်းစိုသာယာလျှက်ရှိသော ဥယျာဥ်တစ်ခုတည်ရှိသည်။ စိမ်းလန်းနေသည့် ဥယျာဥ်လေး၏ အလယ်တည့်တည့်မှဖြတ်၍ အမိုးပါလူသွားလမ်းတစ်ခုတည်ဆောက်ထားပြီး ဆေးပညာဌာနနှင့် အင်ဂျင်နီယာဌာနကို ဆက်သွယ်စေသည်။
ဌာနနှစ်ခုကြား ဥယျာဥ်လေးက အတန်အသင့်ကျယ်ဝန်းသလို လူသွားစင်္ကြံလမ်းလေးကလည်း အတန်အသင့်ရှည်လျားသည်။ ဥယျာဥ်ထဲတွင် ကျောင်းသားကျောင်းသူတွေထိုင်နားနိုင်ဖို့ ခုံတန်းလေးတွေ အစီအရီရှိပြီး စာစုကျက်နိုင်သော စားပွဲများလည်းရှိသေးသည်။
မေဂျာချင်းမတူသော်လည်း ဌာနတစ်ခုတည်းမို့ ထယ်ယောင်းတို့လေးယောက် အဖွဲ့ဖြစ်သွားသည်။ ထယ်ယောင်းက နမ်ဂျွန်းကို မျက်နှာချင်းမဆိုင်နိုင်လောက်အောင် မုန်းသော်လည်း အခန်းနီးချင်းတွေမို့ Jungkookက နမ်ဂျွန်းတို့နှင့်အဖွဲ့ကျသဖြင်း သူလည်း မတတ်သာဘဲ ငြိမ်နေလိုက်ရသည်။ ဤသို့တိုင် နမ်ဂျွန်းနှင့်ထယ်ယောင်းတို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်သေး။ တစ်ယောက်က အပြစ်ရှိသလိုခံစားရသဖြင့် မျက်နှာမကြည့်ရဲသလို နောက်တစ်ယောက်က မုန်းတီးစိတ်ဖြင့် မျက်နှာလုံးဝမကြည့်ချင်။
ဒီအခြေအနေကို ရိပ်စားမိသော Jungkookနှင့်ဆော့ဂျင်က တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြရင်း ထယ်ယောင်းတို့ကို တစ်နေရာစီခွဲထုတ်သွားကြသည်။ တက္ကသိုလ် ပထမဆုံးနေမို့ ဒီနှစ်ယောက် စိတ်ပင်ပန်းနေ၍မဖြစ်။ နောက်မှ အဆင်ပြေအောင် ညှိနှိုင်းရမည်။ Jungkookက ထယ်ယောင်းကို ကျောင်းသားအသစ်များအတွက် ဌာနကပြုလုပ်ပေးသည့် ကြိုဆိုပွဲဆီခေါ်ထုတ်သွားပြီး ဆော့ဂျင်ကတော့ နမ်ဂျွန်းကို ဌာနရှေ့က ဥယျာဥ်လေးဆီ ခေါ်ထုတ်သွားခဲ့သည်။
YOU ARE READING
Love Scenario (KookV/Completed)
FanfictionTop- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။