" အစ်မခင်ဗျာ ကျွန်တော်တို့ မေးစရာလေးရှိလို့ပါ "

တောင့်တောင့်ဖြောင့်ဖြောင့် cool boyလေးက နောက်တစ်ကြိမ်ထပ်ပြောလာမှ အပျိုကြီးဆုန်းဂျီဟို သတိပြန်ဝင်ကာ အူတူတူမျက်နှာဖြင့် ချော်လဲရောထိုင်လျှက်။

" သြော်..အေး...ဘာများ ကူညီရမလဲ မောင်လေး "

" ဟိုလေ အခန်းနံပါတ် 107က ဘယ်အထပ်မှာလဲ သိချင်လို့ပါ။ ကျွန်တော်တို့က အဲဒီအခန်းမှာ နေမယ့်သူတွေပါ "

Jungkookမေးခွန်းဆုံးသည်နှင့် ဂျီဟိုတစ်ယောက် ကွန်ပျူတာကို မွှေနှောက်ကာ ဟိုရှာသည်ရှာလုပ်လိုက်သည်။ လိုအပ်သည့် အချက်အလက်က သိပ်မရှာလိုက်ရ။ ခဏလေးဖြင့် တန်းသိရသည်။

" အခန်းနံပါတ် 107က ၁၈ထပ်မှာပါ။ သြော် လေးနှစ်စာချုပ်နဲ့ ငှားထားတာပဲ။ ဒီလိုဆိုတော့ အစ်မနဲ့ရင်းနှီးအောင် တစ်ခါတည်း မိတ်ဆက်ပေးသွားပါလား။ အကြာကြီး ဒီမျက်နှာတွေမြင်နေရမှာဆိုတော့ နာမည်သိထားသင့်တာပေါ့။ အစ်မနာမည်က ဆုန်းဂျီဟိုတဲ့ "

အခွင့်အရေးရတုန်း ဆုန်းဂျီဟိုတို့ ကောင်လေးချောချောနှစ်ယောက်နှင့် မိတ်ဆက်လိုက်သည်။ နှစ်ချုပ်ငှားထားသူများဖြစ်၍ အချိန်အကြာကြီး ဒီမျက်နှာလေးတွေကို မြင်ခွင့်ရတော့မည်။ ထူးလိုက်တဲ့ ကုသိုလ်ကံပါပဲ။

" ဟုတ်ကဲ့ ကျွန်တော့်နာမည်က Jeon Jungkookပါ။ သူ့နာမည်ကတော့ ကင်ထယ်ယောင်းတဲ့ "

" ဟုတ်ပါပြီ မောင်လေးတို့နဲ့ဆုံရတာ ဝမ်းသာပါတယ်ကွယ်။ အစ်မကို အစ်မဂျီဟိုလို့ ခေါ်လို့ရတယ်နော် "

" ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး "

သူ့ကိုနှုတ်ဆက်ပြီး အထုပ်ကိုယ်စီဆွဲလျှက် ဓာတ်လှေကားထဲဝင်သွားသော ကောင်ချောလေးနှစ်ယောက်ကို ဂျီဟို မြင်ကွင်းထဲက ပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။ ဒီနှစ်ယောက်နဲ့တင် ဒီမှာငမ်းရကျိုး အဲမှားလို့ ဒီမှာအလုပ်လုပ်ရကျိုး နပ်လေပြီ။

" အစ်မခင်ဗျ ကျွန်တော် စုံစမ်းစရာလေးရှိလို့ "

Jungkookတို့ကို ငေးလို့မပြီးသေးခင် နောက်ထပ်အသံချိုချိုလေး ကြားလိုက်ရပြန်သဖြင့် ဂျီဟို ဝမ်းသာအားရဖြင့် လှည့်ကြည့်လာသည်။ အို ဒီတစ်ခါလည်း ကောင်ချောလေးပဲ။ အသားအရည် ပြည့်ပြည့်တင်းတင်းလေးနဲ့ ချစ်စရာကောင်လေးတစ်ယောက်။ ရွှန်းစိုနေသည့် သူ့မျက်ဝန်းအကြည့်များကြောင့် နေရာမှာတင် အရည်ပျော်သွားလောက်သည်။ ယောက်ျားလေးတစ်ယောက်က ဒီလောက် ချစ်ဖို့ကောင်းရလား။

Love Scenario (KookV/Completed) Where stories live. Discover now