" Hey! ဂျောင်ဂု.. မင်းငါ့ကို မေးခွန်းမေးပြီး မင်းဟာမင်းဘာတွေစဥ်းစားနေတာလဲ။ ငါပြန်ဖြေလိုက်တာ မင်းဘာမှပြန်မပြောဘူး "

ထယ်ယောင်း သူ့ကိုသတိပေးလာမှ ဂျောင်ဂု သတိပြန်ဝင်လာကာ ကြောင်အန်းအန်းဖြစ်သွားသည်။ အမှန်တကယ်လည်း ထယ်ယောင်း ပြန်ဖြေသည်ကို သူမကြားလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ရသည်ပင်။

" သြော် အင်း... ငါကြားလိုက်ပါတယ်။ မင်းက ကောင်မလေးဆီက ကျိန်းသေ Yesအဖြေရမယ်လို့ ယုံကြည်တယ်ဆို "

" လိမ်ပြန်ပြီ။ တကယ်တော့ ငါမင်းကို ဘာစကားမှပြန်မပြောရသေးဘူး။ ငါ့ကိုမေးတုန်းကမေးပြီး ချက်ချင်းဘာတွေစဥ်းစားပြီး ငိုင်သွားသလဲမသိဘူး။ ဧကန္တ ဘူဆန်မှာကျန်ခဲ့တဲ့ မင်းကောင်မလေးကို သတိရသွားလို့လား "

ရယ်လျက် စနောက်လာသော ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း သူအညာမိသွားမှန်းသိလိုက်သည်။ အရှက်တွေတော့ကုန်ပြီ ထင်သည်။ သူအတွေးလွန်နေတာတွေ ထယ်ယောင်း သိကုန်လို့။ ပိုဆိုးသည်က ထယ်ယောင်း သူ့ကိုအထင်ကြီးပြီး ကောင်မလေးရှိသည် ထင်နေသည်။ ရှိတော့ ရှိတာပေါ့။ ကောင်မလေးတော့ မဟုတ်ဘူး အခု အနားမှာရှိနေတဲ့တစ်ယောက်။

" ငါ့မှာ ဘယ်ကကောင်မလေးရှိရမှာလဲ။ ငါက ရည်းစားမထားဘူးသေးတဲ့ ရေမရောတဲ့လူပျိုစစ်စစ် "

ထယ်ယောင်းတစ်ယောက် အံ့သြမှုဖြင့် မျက်လုံးပြူးလျက် နှုတ်ခမ်းနှစ်လွှာပွင့်ဟသွားသည်။ ဂျောင်ဂုလိုလူမျိုးက အခုထိ ရည်စားတစ်ယောက်မှ မထားဖူးပါတဲ့။ ဒါက ဖြစ်နိုင်ပါ့မလား။

" မင်း တကယ်ကြီးလား။ မင်းလိုမျိုး hotဖြစ်တဲ့ကောင်က ရည်းစားတစ်ယောက်မှ မထားဖူးဘူးဆိုတော့။ ငါ့အထင် မင်းနားမှာ ကောင်မလေးတွေဝိုင်းနေမှာပဲ။ ဘာလို့ဆို မင်းက ကောင်မလေးအများစုကြိုက်တတ်တဲ့ ပုံစံမျိုးလေ "

ထယ်ယောင်းစကားကြောင့် ဂျောင်ဂု ပြုံးသည်ဆိုရုံလေး ပြုံးမိသည်။ တကယ်လည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေသော်လည်း သူ့ကိုယ်တိုင်က အချစ်ရေးစိတ်မဝင်စား၍ ရည်းစားမထားဖြစ်ခဲ့ခြင်း။ အခုမှ အချစ်ကိုရှာတွေ့သွားတာမို့ ပထမဆုံးအချစ်မှာ သူမကျရှုံးချင်။

Love Scenario (KookV/Completed) Where stories live. Discover now