EPISODE - 1

4.7K 440 96
                                    

EPISODE- 1 (Unicode)

" သားရေ ဒီမှာအမေနဲ့ ဘယ်သူတွေပါလာလဲ လာကြည့်ပါဦး "

ဧည့်ခန်းကအမေ့ခေါ်သံကြောင့် ကျွန်တော်ဧည့်ခန်းဆီထွက်လာခဲ့တယ်။ အမေနဲ့ပါလာတဲ့သူတွေက ဘယ်သူတွေဆိုတာကိုလည်း ကျွန်တော်သိချင်နေမိတယ်။ ကျွန်တော် ဧည့်ခန်းထဲလျှောက်လာချိန်မှာ ရင်းနှီးသလိုခံစားရတဲ့မျက်နှာတွေနဲ့ သားအမိဖြစ်ပုံရတဲ့ဧည့်သည့်တစ်ယောက်က ကျွန်တော့်ကိုသေချာကြည့်ရင်း ပြုံးပြလာတယ်။

" ဒါ ကျွန်တော့်သူငယ်ချင်း ထယ်ယောင်းလား အန်တီ "

ကျွန်တော်နဲ့ရွယ်တူဖြစ်ပုံရတဲ့ ဧည့်သည်ကောင်လေးရဲ့စကားကြောင့် ကျွန်တော် တအံ့တသြနဲ့ သူမျက်နှာကိုသေချာအကဲခတ်ကြည့်လိုက်တယ်။ ညီညာတဲ့မျက်ခုံး၊ ​ဖြောင့်စင်းတဲ့နှာတံ၊ စွဲမက်စရာနှုတ်ခမ်း၊ ပြီးတော့ နဖူးပေါ်ဖြာကျနေတဲ့ အညိုရောင်ဆံနွယ်တွေ..။ ဒါ..ဒါက ကျွန်တော် မူလတန်းတုန်းက သူငယ်ချင်း ဂျွန်ဂျောင်ဂု...။

" ဟုတ်တယ်လေ သားရဲ့။ ဒါ မင်းသူငယ်ချင်း ထယ်ယောင်းလေ "

အမေ့အသံကိုနားက ကြားလိုက်ရပေမယ့် ကျွန်တော့်မျက်ဝန်းတွေက ဂျောင်ဂုကို ဆက်ပြီးအကဲခတ်နေဆဲ။ အရွယ်ရောက်နေတဲ့ ဂျောင်ဂုက ကျွန်တော်ငယ်ငယ်ကသိခဲ့တဲ့ ဂျောင်ဂုနဲ့ လုံးဝကွဲပြားသွားတယ်။ အနက်ရောင်ရှပ်အင်္ကျီနဲ့ သူ့​ပုံစံက စတိုင်ကျပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်မှန်းသိသာနေတယ်။   လက်မောင်းနဲ့ရင်ဘတ်က ကြွက်သားတွေကြောင့် အင်္ကျီက ခန္ဓာကိုယ်နဲ့တစ်သားတည်းကျပြီး Sexyကျလွန်းတယ်။

" Hey ထယ်! မင်းငါ့ကို မှတ်မိသေးလား။ ငါ မင်းသူငယ်ချင်း ဂျောင်ဂုလေ "

ဂျောင်ဂု ဆီက နှုတ်ဆက်စကားသံကြားတော့မှ ကျွန်တော် သတိပြန်ဝင်ပြီး သူ့ကိုပြာပြာသဲသဲနှုတ်ဆက်လိုက်တယ်။ သူငယ်ချင်းနဲ့ပြန်တွေ့ရလို့ ကျွန်တော် အရမ်းပျော်မိတာပေါ့။

" အင်းပါ ငါလည်း မင်းငယ်ရုပ်ကိုပြန်ဖမ်းကြည့်ရင်း မင်းဆိုတာသိလိုက်ပါတယ်။ ငါတို့မတွေ့ရတာတောင် နှစ်တွေအများကြီးကြာခဲ့ပြီနော် "

Love Scenario (KookV/Completed) Where stories live. Discover now