ဂျောင်ဂုက ကျွန်တော့်ကိုပြုံးပြရင်း ခေါင်းညိမ့်ပြလာတယ်။ သူ့မျက်ဝန်းထဲမှာလည်း ဝမ်းသာခြင်းအပြည့်နဲ့ပါပဲ။

" သားရေ မင်းသူငယ်ချင်းကို မင်းအခန်းထဲခေါ်သွားလေကွယ်။ အမေတို့လည်း ဒီမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရဦးမယ် "

အမေ့စကားကို ကျွန်တော်ခေါင်းညိမ့်ပြလိုက်ပြီး ​ေဂျာင်ဂု ကို ကျွန်တော့်အခန်းထဲခေါ်လာခဲ့တယ်။ ကျွန်တော့်အခန်းထဲမှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရအချို့သိမ်းထားသေးတာမို့ သူ့ကိုပြန်ပြရဦးမယ်။ ကျွန်တော် သူ့​ကို ခုတင်ပေါ်မှာပဲ ထိုင်ခိုင်းလိုက်ပြီး ဗီရိုအံဆွဲထဲက သေတ္တာသေးသေးလေးတစ်ခုကို ထုတ်ယူလိုက်တယ်။ သေတ္တာထဲက ကျွန်တော်တို့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေ ပြီးတော့ အပြန်အလှန် လဲဝတ်ခဲ့ကြတဲ့ဆွဲကြိုးလေးရယ်ကို ဂျောင်ဂုဆီ လှမ်းပေးလိုက်တယ်။

" ငါ ဘူဆန်ကနေ ဆိုးလ်က ဒီအိမ်ကိုပြောင်းလာကတည်းက မင်းနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေကို အခုလိုသိမ်းထားခဲ့တာလေ။ ဒါတွေမြင်တိုင်း ငါမင်းကို အမြဲအမှတ်ရနေခဲ့တာ "

ကျွန်တော်သိမ်းထားတဲ့ ဓာတ်ပုံတွေနဲ့ ဆွဲကြိုးလေးကိုကြည့်ရင်း ဂျောင်ဂုတစ်ယောက် ကျေနပ်ပီတိဖြစ်နေပုံပါပဲ။ ကျွန်တော်ပြောသမျှကိုလည်း ခေါင်းတညိမ့်ညိမ့်လုပ်ရင်း သေချာနားထောင်နေတယ်။

" ငါ့ကို အခုလို အမှတ်ရနေတာသိရလို့ ငါဝမ်းသာပါတယ်။ ငါလည်းမင်းလိုပဲ မင်းနဲ့ပတ်သက်တာလေးတွေ သိမ်းထားတယ်။ နောက်မှ မင်းကိုပြမယ် "

" ဒါနဲ့ မင်းတို့သားအမိက ဘယ်လိုကဘယ်လို ဆိုးလ်ကိုရောက်လာပြီး အမေနဲ့ဆုံတာလဲ "

ကျွန်တော့်မေးခွန်းကြောင့် ဂျောင်ဂုက နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးရင်း ရယ်ရယ်မောမောနဲ့ အကြောင်းစုံရှင်းပြလာတယ်။

" ငါက မကြာခင် ဆိုးလ်မှာ တက္ကသိုလ်လာတက်မှာဆိုတော့ အမေကငါ့အတွက် ကျောင်းနဲ့နီးတဲ့နေရာမှာ တိုက်ခန်းငှားပေးဖို့ လိုက်ကြည့်ကြတာလေ။ အဲဒီမှာ မင်းအတွက်တိုက်ခန်းလာရှာတဲ့ မင်းအမေနဲ့ဆုံကြတာ။ အခု မင်းနဲ့ငါ့ကို တိုက်ခန်းတစ်ခုတည်းမှာ အတူနေခိုင်းဖို့ စီစဥ်နေကြတယ် "

Love Scenario (KookV/Completed) Where stories live. Discover now