Extra Chapter 1 (Unicode)

4.9K 278 6
                                    

Extra Episode 1

Mcqueen တစ်ယောက် မှန်ထဲ၌ မြင်နေရသော သူ့ပုံရိပ်ကိုသူ စိတ်တိုင်းမကျနိုင် ဖြစ်နေသည် ။

ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ လဲနေခဲ့သော်လည်း အဆင်ပြေလှသည်ဟု သူ မထင်မိသေး ။

ထို့အပြင် သူသည် ကြောင်တောင်တောင် ထူးထူးဆန်းဆန်း ဖြစ်မနေဘဲ သဘာဝကျကျ ဖြစ်နေစေဖို့လည်း ဂရုစိုက်ရဦးလေမည် ။

သေချာတာကတော့ သူ ဘယ်လိုပဲ ဝတ်သည်ဖြစ်ပါစေ ထိုသူကတော့ သူ့ကို သဘောကျမည် မဟုတ်သည်မှာ သေချာသလောက် ရှိလေသည် ။

ပထမဆုံး First impression တွင် သူ့အားနောက်ကျနေသူဟု မမြင်စေလိုစောကြောင့် သူ ပုံမှန် ဝတ်စုံတစ်စုံကို ကျနစွာ ဝတ်လိုက်ပြီးနောက် ချိန်းထားသည့် နေရာသို့ နောက်မကျစေရန် အမြန် ထွက်လာလိုက်ရသည် ။

ယနေ့မှပဲ ကားကလည်း ပိတ်နေသေးတော့သည် ။

Glenn Mcqueen တစ်ယောက်ကတော့ သူ့ချစ်သူ၏ straight သူငယ်ချင်းနှင့် တွေ့ရမည့်အတွက် စိတ်ဖိစီးလျက် စိတ်လှုပ်ရှားနေလေတော့သည် ။

ထိုပုံစံသည် သူ့နဂိုပုံစံနှင့်တောင် မတူတော့သလိုပင် ။
သို့သော်လည်း ယော့ဝန်းအတွက် လုပ်​ပေးရသည်မို့ သူ့အတွက်တော့ ထိုက်တန်ပါသည် ။

သူ ဆိုင်ကို ရောက်လာတော့ ယော့ဝန်းက ကြိုရောက်နေလေပြီ ။
ဆိုင်ရှေ့ထွက်ရင်း သူ့ကို စောင့်နေကာ လှမ်းခေါ်လေသည် ။

" Mc... "

" ယော့ဝန်း... ရောက်နေတာကြာပြီလား ... "

" ဟင့်အင်း... မကြာသေးပါဘူး... Mcqueen က ဒီနေ့ သေချာ ဝတ်စားထားတာပဲ ..."

" ကိုယ့် ပုံစံက အတင်းကြီး ကြိုးစားပြီး လုပ်ယူထားတဲ့ ပုံကြီး ပေါက်နေလားဟင်... "

သူ သူ့ကိုယ့်သူ မလုံမလုံ ပြန်ကြည့်ရင်း မေးလိုက်မိသည် ။

" ကျွန်တော် ထင်တာတော့ ဒီလို ကြိုးစား အားထုတ်မှုကို ပြတာလည်း ကောင်းမွန်တဲ့ နည်းဗျူဟာ တစ်ခုပါပဲ... "

" တကယ်လား... "

 "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now